20

6.8K 809 16
                                    

Unicode

အခန်း ၂၀ ) ရှချင်းယန် နဲ့ လုချီထက်ကို စက်ဆုပ်ဖွယ်ကောင်းတယ်ပေါ့ ဟုတ်လား

အရင်ဘဝမှာ မတရားမှု မမျှတမှုနဲ့ ရင်ဆိုင်ရလိုက်တိုင်း လုမန်က ဒေါသထွက်ထွက်နှင့် ပြောလေ့ရှိသည်။
“ သမီးက အဖေ့သမီး သူနဲ့မတူဘူး ”

ထိုအချိန်က ထိုသို့ပြောလိုက်တာနှင့် လုချီယွမ်က ထူးထူးဆန်းဆန်း ဒေါသတွေဖြစ်ပြီး လုချီကို ကောင်းကောင်းမွန်မွန်ဆက်ဆံပေးသည်ပင်။

သို့သော် လုချီကလည်း သူ့သမီးဖြစ်နေသဖြင့် ထိုအချိန်က သူမစကားတွေသည် သူ လုချီအပေါ်တွင် ထားရှိသည့် အပြစ်ရှိစိတ်ကိုတိုးသွားစေခဲ့မှန်း လုမန် မသိခဲ့ပါချေ။

ခုတော့ အရင်လိုအရူးလုပ်ခံမည် မဟုတ်ပါ။

“ လူပါးဝလို့ ဒီလိုပြောထွက်တာ! ”

လုချီယွမ်က လုမန်ကို လက်ညှိုးငေါက်ငေါက်ထိုး၏။

“ ကျိန့်ပိုင်က မင်းအပေါ်မှာ ကောင်းလိုက်သားနဲ့ မင်းက ဟန်ကျိုးလီဆီပစ်ဝင်ဖို့ရွေးလိုက်တယ်။ မင်းနဲ့ဟန်ကျိုးလီနဲ့ကြားမှာ တစ်ခုခုဖြစ်လာနိုင်မယ်ထင်နေတာလား။ သူက မင်းကို အပျော်သက်သက် ကစားနေတာနော်။ အဲ့ထက်မပိုဘူး။ ဘယ်လိုဖြစ်လို့များ ဒီလောက်တောင် စက်ဆုပ်ဖို့ကောင်းရတာလဲ ”

ခေါင်းငုံ့ထားရင်း လုမန် ငေါ့ပြုံးလိုက်သည်။
ကျွန်မက စက်ဆုပ်ဖို့ကောင်းတယ်လား . . .

ရှချင်းယန် နဲ့ လုချီထက်ကို စက်ဆုပ်ဖွယ်ကောင်းတယ်ပေါ့ ဟုတ်လား . .

ရှချင်းယန်က ခဲအိုဖြစ်သူကို ဖြားယောင်းခဲ့သည့်တိုင် လုချီယွမ်က သူ့ဂုဏ်သိက္ခာထိခိုက်မည်စိုး၍ လုချီ သူ့သမီးဖြစ်ကြောင်း ဝန်ခံဖို့ရာ အမြဲတမ်း ငြင်းဆန်ခဲ့သည်။

အဟွန်း!

တကယ်တော့ လုချီက သူမထက် ၂နှစ်သာငယ်သည်။

သို့သော် လုချီယွမ် နှင့် သူမမေမေ ကွာရှင်းသည့်အချိန်တွင် လုမန် အသက် ၁၄နှစ်ရှိပြီ ဖြစ်ကာ လုချီက ၁၂ နှစ်ရှိပြီ ဖြစ်သည်။

ထိုမှစခဲ့သော အချစ်များစွာသည် Where stories live. Discover now