75

3.5K 407 1
                                    

အခန်း [ ၇၅ ]

" လုချီ ဘာမှမဖြစ်ပါဘူးလို့ ဘယ်သူပြောလဲ "
လုမန်က ခပ်ယဲ့ယဲ့လေး ပြုံးသည်။
" ထောင်မကျဘူးဆိုရင်တောင်မှ ဒီကိစ္စကြောင့် သူ့အလုပ်မှာ အများကြီး ထိခိုက်သွားခဲ့တယ်။ လုဟန်လိကရော လုချီနဲ့သူ မအိပ်ခဲ့ပါဘူးလို့ ပြောခဲ့သလား၊ အင်တာနက်လောကသားတွေကတော့ ယုံမှာ မဟုတ်ဘူးနော်၊ ရုပ်ရှင်စတူဒီယိုတွေ ထုတ်လုပ်သူတွေ ဒါရိုက်တာတွေနဲ့ ကြော်ငြာရိုက်ဖို့အနုပညာရှင်တွေရှာဖွေနေတဲ့ ကုမ္ပဏီတွေတောင်မှ သူ့ကို ထပ်ငှားရဲတော့မှာမဟုတ်ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ သူ့ဂုဏ်သိက္ခာက မြောင်းထဲရောက်သွားပြီမို့လို့ "

" ဒါက သေးသေး ကွေးကွေးလေး မဟုတ်ဘူး.. ဒီပြဿနာ အစပျိုးနေခဲ့တာက ကြာပြီ .. နှစ်အနည်းငယ်အတွင်း တစ်ကျော့ပြန်ခေတ်ထလာဖို့ဆိုတာ မတွေးသင့်တဲ့ ကိစ္စကြီးပဲ .. ဒါပေမယ့် အဖေက သူ့ကို ကရုဏာကြီးတာမို့ လုချီကို ဒါတွေ ဘယ်လိုလုပ် ခံစားခိုင်းမှာလဲ၊ အဲ့ဒါကြောင့် လုဟန်လိနဲ့ ဆွေးနွေးချင်ခဲ့တယ်၊ ပြုခဲ့တဲ့သူဟာ ကျွန်မပါ သူ့အိပ်ခန်းထဲဝင်ပြီး သူ့ကို ဒဏ်ရာရစေခဲ့တာ ကျွန်မပါလို့ လုဟန်လိပါးစပ်က ထွက်ဆိုလိုက်ရင် လုချီနဲ့ပတ်သက်တဲ့ စွဲချက်တွေအားလုံး အထင်လွဲတာပါတွေ ကျွန်မက လုချီကို အသရေဖျက်ပါတယ်တွေ ဖြစ်ကုန်တော့မှာ အဲ့ဒါမှ လုချီက အသာကြီး .. သူက ခံရတဲ့သူဆိုပြီး ထောင်ထောင် ထောင်ထောင် ပြန်လုပ်နိုင်မယ် "

ထိုအကြောင်းများကြောင့် လုချီအတွက်ဆိုလျှင် သူအလိုရှိသည့်အတိုင်း လုမန်ကို စတေးသည်။

" လူယုတ်မာကြီး! "
လုချီယွမ်ကို ရွှီဟွေ့ ဆော်ပလော်တီးပစ်ချင်၏။
" သူက လုချီ့အဖေလား၊ သမီးအရင်းတောင် မဟုတ်တဲ့ဟာ .. ရူးနေတာပဲဖြစ်မယ် "

ကျိုးချန်က သူ့ကို လက်နဲ့တို့ပြီး မပြောဖို့ တားသည်။

လုချီယွမ်လုပ်သမျှ အထိအနာရဆုံးက လုမန်။

ရွှီဟွေ့ နားလည်သွားလို့ ချက်ချင်း ပါးစပ်ပိတ်သွား၏။

ကျိုးချန်က သက်ပြင်းလေးချ၏။
" သခင်လေးက လုဟန်လိကို အရင်သွားရှာခဲ့လို့ တော်သေးတယ်။ အဲ့ဒါကြောင့်မို့လို့ လုဟန်လိက လုချီယွမ်ဆွေးနွေးတာတွေကို လက်မခံခဲ့တာလေ။ လက်ခံရင် သခင်လေးက လုဟန်လိကို အနုပညာလုပ်ငန်းမှာ နဟန်မထူနိုင်အောင် လုပ်ပစ်တော့မှာ သိလား၊ အဲ့ဒါကြောင့် လုချီယွမ်ကို လုဟန်လိ ငြင်းပစ်လိုက်ရတာပဲ။ ဒါပေမဲ့ လုချီကို အနုပညာလောကကနေ ရပ်နားခိုင်းဖို့ကျတော့ မလွယ်ဘူးလေ၊ သခင်လေးက ဘာမှမလုပ်ဖို့ ဆုံးဖြတ်ထားရင်တောင်မှ လုဟန်လိက လုချီကို လွယ်လွယ်အလွတ်ပေးမှာမဟုတ်ပါဘူး၊ လုချီက သူ့ကို အန္တရာယ်ပေးထားတဲ့သူ ဖြစ်နေတာကိုး၊ နောက်ပြီး သူက နာမည်ကြီးဒါရိုက်တာဖြစ်တဲ့အတွက် အခုကိစ္စကြောင့် သူ့မှာ နာမည်ပျက်ရှိသွားတယ်။ ဒါကြောင့် ခုလောက်ဆို လုချီကို သေလောက်အောင် မုန်းနေမှာပါ၊ ပြီးတော့ ရုပ်ရှင်လုပ်ငန်းမှာ လုဟန်လိက လက်တံကျယ်တော့ လုချီ ဒီနယ်ပယ်မှာ အလုပ်ရဖို့ဆိုတာ ခက်သွားလိမ့်မယ်။ ရုပ်သံပိုင်းမှာဆိုရင်တောင်မှ လုချီရဲ့လက်ရှိနာမည်ဆိုးနဲ့ဆိုရင် ဇာတ်ပို့မင်းသမီးနေရာရဖို့တောင် တော်တော်ခက်မှာ "

ထိုမှစခဲ့သော အချစ်များစွာသည် Where stories live. Discover now