41

6.2K 859 59
                                    

《Unicode》

အခန်း ၄၁ ) မြင်တာနဲ့ လွှတ်တိုးတော့တာပဲ ..
ဒီလောက်တောင် လွမ်းနေတာလား ?

“ ဆောရီး ”
ဝုန်းခနဲ ဒိုင်းခနဲ ဝင်ဆောင့်လိုက်တာကြောင့် လုမန် မိုက်ခနဲဖြစ်သွားကာ အနောက်ကို ဆုတ်လိုက်မိသည်။

ဘာလို့မှန်းမသိ ဒီရင်ဘတ်က ရင်းနှီးသလိုရှိသည်။ သင်းသင်းပျံ့ပျံ့လေးနဲ့ ကိုယ်သင်းနံ့ဟာလည်း ထူးထူးဆန်းဆန်း ကျွမ်းဝင်လို့နေ၏။

သို့ပေမယ့် ထိုအခိုက်မှာ တစ်ဖက်လူ ဘယ်လိုပုံစံရှိသလဲ လုမန် မကြည့်ချင်၊ ဓာတ်လှေကားထဲကိုဝင်ဖို့ နောက်ဆုတ်လိုက်ပေမယ့် တစ်ဖက်လူက သူမကို ရုတ်တရက် ပွေ့ဖက်လို့လာ၏။

သံမဏိပမာ လက်တံရှည်တွေနဲ့ သူမကို ရင်ခွင်တွင်း တင်းကျပ်စွာ ရစ်ပိုက်ထားကာ..

လူရမ်းကားနှင့်မှ ဝင်တိုက်မိမယ်လို့ မထင်ထားသဖြင့် လုမန် ရိုက်ဖို့ရွယ်လိုက်ချိန်မှာ ခေါင်းထက်က ကျွမ်းဝင်သောအသံတစ်ခုကို ကြားလိုက်ရ၏။
“ မြင်တာနဲ့ လွှတ်တိုးတော့တာပဲ ..
ဒီလောက်တောင် လွမ်းနေတာလား ? ”

ဒီအသံ!

ထိတ်လန့်ကြီးစွာနှင့် လုမန် မော့ကြည့်လိုက်မိ၏။ သူမဝင်တိုက်မိတာက ဟန်ကျိုးလီတဲ့လေ!!

မှင်တက်မိသွားသော လုမန်ကိုကြည့်ပြီး ဟန်ကျိုးလီက တိုးတိုးဖွဖွရယ်သည်။

ဒီမိန်းကလေး.. သူတို့ဆုံလိုက်တိုင်းမှာ မတူညီတဲ့ ပုံစံတစ်မျိုးကို တွေ့ရသည်။

အရင်တစ်ခေါက်က မြေခွေးမိစ္ဆာလို ဖမ်းရခက်ခက် မြှူဆွယ်​ဖြားယောင်းတတ်တဲ့ အသွင်နဲ့..

ခုတစ်ခေါက်ကျ ပေါတောတောနဲ့ ချစ်စရာကောင်းသည်။

ဟန်ကျိုးလီက ဓာတ်လှေကားထဲကထွက်လိုက်ပေမယ့် လက်တွေကတော့ သူမကို မလွှတ်တမ်းထွေးပိုက်ထားဆဲ..

ထို့ကြောင့် လုမန်မှာ မတတ်သာဘဲ သူ့အတိုင်းလိုက်လုပ်ရသည်။

ဟန်ကျိုးလီ ပွေ့ဖက်ထားတုန်း လုမန်ကို ငုံ့ကြည့်လိုက်စဥ် ရုန်းရင်းဆန်ခတ်သံတွေက သူ့နားထဲရောက်လာ၏။

ထိုမှစခဲ့သော အချစ်များစွာသည် Where stories live. Discover now