79

3.2K 371 7
                                    

အခန်း [ ၇၉ ]

ထိုအချိန်များအတွင်း ထိရောက်မှုကလည်း ပြင်းခဲ့သည်။ လုမန်ကို အလုပ်ခန့်သည့် ကုမ္ပဏီရယ်လို့ တစ်ခုမှ မရှိ။

နာမည်အတော်လေးရှိပြီး ကြီးလည်းကြီးသည့် ကုမ္ပဏီများနှင့်လည်း ဆက်သွယ်တွေ့ဆုံခဲ့သည်။ ယုံကြည်စိတ်ချရသော၊ နာမည်ကောင်းသော ကုမ္ပဏီတွေက ဒီနယ်ပယ်မှာ နည်းနည်းပဲ ရှိသည်။ ကျန်သောကုမ္ပဏီများတွင် လုမန် အလုပ် မလျှောက်မှာက သေချာနေသည်။

သူ တွေ့ဆုံခဲ့သော ကုမ္ပဏီများသည် လုမန်ဆီမှ အလုပ်လျှောက်လွှာနှင့် ကိုယ်ရေးအကျဥ်းကို ရရှိသည်နှင့်တစ်ပြိုင်နက် သူ့ကို လှမ်းအကြောင်းကြားကြသည်။

ကုမ္ပဏီတိုင်းက လျှောက်လွှာတွေ ပယ်ချသဖြင့် လုမန် အလုပ်မရသည့်အကြောင်းကို တွေးရင်း ကုန်လွန်ခဲ့သော ထိုရက်များအတွင်း သူ မာန်တက်လာခဲ့သည်။ စိုးရိမ်ကြောင့်ကြမှုများစွာဖြစ်ပျက်နေမည့် မျက်နှာကို တစိမ့်စိမ့်ပုံဖော်မိရင်း သူ့ကိုယ်သူ ကျေနပ်ပီတိဖြစ်နေခဲ့၏။

ဒါတွေအားလုံး သူလုပ်ခဲ့တာ.. သူ့အာဏာပဲ..

သူ့ကို ဆန့်ကျင်ရင် ဘာကောင်းကျိုးမှ မရှိရဘူး!

သူ့သမီးဖြစ်ရင် နာခံမှုရှိရမှာပေါ့။

ပြီးတော့ သူ မရှိရင် သူမဟာ ဘာမှမဟုတ်တဲ့အကြောင်း လုမန်ကို သိစေချင်သည်။

နောက်ဆုံး ဝင်ငွေတစ်ပြားမှ မရှိတဲ့အခါ ရှချင်းဝေရဲ့ဆေးဖိုးတွေကို သူမ ဘယ်လိုရှင်းမလဲ..

သူ့ဆီကို လာပြီး ဒူးထောက်တောင်းပန်ရမှာပဲ မဟုတ်ဘူးလား..

လုမန် ဖိအားတွေများပြီး အိပ်ပျက်ညတွေ ခံစားနေခဲ့ချိန်မှာ လုချီယွမ်က ပျော်ရွှင်ရယ်မောလို့ စားကောင်းသောက်ကောင်းဖြစ်နေခဲ့သည်။

သို့ပေမယ့် သူ၏ ပျော်ရွှင်ချိန် ထိုမျှ တိုတောင်းလိမ့်မည် ဟု မထင်ထားခဲ့ပေ။ ဒီနေ့ ဒီနေရာကို လာသည့် အချိန်မှာပဲ လုမန်ကို ဟန်မီဒီယာကုမ္ပဏီက အလုပ်ခန့်လိုက်ပြီ ဟု သူကြားခဲ့ရ၏။

***

မတွေ့ချင်ဘူး ဆိုပြီး ပုန်းနေလို့ ရတာလည်း မဟုတ်ပေ။ စိတ်ကို တည်ငြိမ်စေလိုက်ပြီးမှ ခြေလှမ်းတွေကို ပြန်စလိုက်၏။
" အဖေ "

ထိုမှစခဲ့သော အချစ်များစွာသည် Where stories live. Discover now