91

3.2K 351 0
                                    

အခန်း [ ၉၁ ]

အရင်က သူ့အပြုအမူတွေအတွက် အားနာလို့ တစ်ခုခု လုပ်ပေးချင်တာပဲ ဖြစ်လောက်မှာပါ...

ဟန်ကျိုးလီက ကားတံခါးဖွင့်သည်။
" ကိုယ်သွားတော့မယ် မင်းအရင်ပြန်ပါ "

လုမန် ခေါင်းညိတ်လိုက်ပေမယ့် သူ ထွက်သွားသည်အထိ စောင့်ပေးဖို့ ငြိမ်နေမိသည်။

ဟန်ကျိုးလီမျက်ဝန်းတို့က လုမန်လက်ထဲမှာ
ဆုပ်ထားသည့် ဖုန်းဆီရောက်သွားကာ
" ​ဟိုတုန်းက ပြောဖူးသလိုပဲ အရေးအကြောင်းတစ်စုံတစ်ရာရှိရင် ကိုယ့်ကို ဖုန်းဆက်ပါ "

ခုထိ လုမန် သူ့ကို တစ်ခါပဲ ဆက်သွယ်ဖူးသည်။ အဲ့ဒါကလည်း ကျေးဇူးတင်ကြောင်းပြောပြီး ပိုက်ဆံတြွေပန်ပေးတုန်းက..

တကယ် အရေးကြုံရင်တောင် လုမန်က သူ့ကို ဆက်သွယ်ဖို့ စဉ်းစားမှာ မဟုတ်။

ထို့ကြောင့် ဟန်ကျိုးလီ စိတ်ညစ်သွားရကာ
" ကိုယ် တကယ်​အတည်ပြောနေတာကွ၊ အရေးကိစ္စရှိရင် ဖုန်းဆက်ပါဆိုတာ မင်းတစ်ခါမှလည်း မဆက်သွယ်သေးဘူး "

သူ့စကားတွေကြောင့် လုမန် အံ့သြသလိုလေးတော့ ဖြစ်သွား၏။
" ဟုတ်ကဲ့ "

သူမကို ဒီလောက်တောင် ဒုက္ခရောက်စေချင်နေတာလား...

ဟန်ကျိုးလီကတော့ အားမရ။ ကားထဲမှာ ဝင်ထိုင်ပြီးတာတောင် လုမန် ဟုတ်ကဲ့လို့ ပြောသံက ချွေးသိပ်နေသလိုကြီး ဖြစ်နေ၏။

ဒါပေမယ့် ကားပြတင်းမှန်ကို ချ၍ လုမန်ကို လက်ပြနှုတ်ဆက်ပြီးမှ သူ ထွက်ခွာခဲ့သည်။

***

လူနာခန်းထဲကို ဝင်လိုက်တာနှင့် ရှချင်းဝေက လက်ယပ်ခေါ်သည်။
" မှန်မှန်ပြောစမ်း သမီးနဲ့ရှောင်ဟန်က ဘာလဲ "

လုမန် မဖြေဖြစ်သေးဘဲ ပြန်မေးမိသည်။
" မေမေ့ကျတော့ သူ ဘယ်သူဘယ်ဝါမှန်းတောင် မသိဘဲနဲ့ ရှောင်ဟန်လို့ခေါ်နေပြီ "

" ဘာလို့မသိရမှာလဲ.. ခွဲစိတ်ခတွေကူရှင်းပေးသွားတဲ့ မိတ်ဆွေဆိုတာလေ ဟုတ်တယ်မို့လား၊ ခုနက သူဝင်လာတော့ အစ်မချိုင်က တန်းမှတ်မိတယ်၊ အစ်မချိုင်ပြောသလိုပဲ အဲ့ကောင်လေး တကယ် ကြည့်ကောင်းတယ်နော်.. "

ထိုမှစခဲ့သော အချစ်များစွာသည် Where stories live. Discover now