56

4.1K 479 1
                                    

( Unicode)

၅၆။ [ လုချီယွမ် ကြက်သေသေလျက် ]

ပြီးတော့ ရှချင်းယန် လုချီကိုခေါ်ပြီး လူချင်းတွေ့ပေးသည့်အခါမှသာ ရှချင်းယန်လုပ်ခဲ့တာတွေကို မေမေက သိရှိခဲ့ရတာဖြစ်၏။

ရှချင်းယန်က မေမေ့ရှေ့မှာဒူးထောက်ပြီး စိတ်ပျက်စေခဲ့မိပြီ ဟု ပြောရင်း ရှိုက်ကြီးတငင်လည်း ငိုပြခဲ့သည်။ လုချီယွမ်နှင့်နေခွင့်ပေးရန်တောင်းပန်ခဲ့သလို၊ မဟုတ်ရင်တော့ မေမေနှင့် မျက်နှာချင်းဆိုင်ရမှာအရမ်းရှက်လို့ မေမေ့ရှေ့မှာပဲ အဆုံးစီရင်ပစ်မည်ဖြစ်သတဲ့။ 

ထို့ပြင် တစ်သက်လုံးက အန်တီလို့ ခေါ်လာခဲ့တဲ့ လုချီက ဆိုင်းမဆင့်ဗုံမဆင့်နဲ့ သူမခင်ပွန်း၏ သမီးဖြစ်လာခဲ့တာမို့ မေမေ့မှာ ဒေါသတွေလည်းထွက်ခဲ့ရ၏။

ဒါပေမယ့် ဘယ်သူမှ မထင်ထားမိခြင်းမှာ လုချီယွမ်ကြီး ရောက်ချလာပြီး ရှချင်းယန်ဒူးထောက်တောင်းပန်နေတာကို တွေ့သွားခဲ့သည့်အဖြစ်။ သူက ချက်ချင်းပဲ ရှချင်းယန်ကို အနိုင်ကျင့်သည်ဆိုသော စွဲချက်ဖြင့် ရှချင်းဝေကို အပြစ်စကားဆိုသည်။ နောက်တော့ ဒေါသစိတ်နဲ့ ကွာရှင်းဖို့အထိပင် ဆုံးဖြတ်ပစ်ခဲ့၏။

ရှချင်းဝေသည် မာနကြီးသော မိန်းမဖြစ်ခဲ့ကာ သူ့နှလုံးသားသူမဆီတွင်ရှိမနေတော့မှန်းသိလိုက်ရကတည်းက မတားတော့ဘဲ ကွာရှင်းစာချုပ်မှာ မဆိုင်းမတွ လက်မှတ်ထိုးပေးလိုက်သည်။

လုမန် အေးစက်စွာ ပြုံးလိုက်မိ၏။ အငိုသန်တဲ့ကလေးဦးစားပေးကျွေးခံရတယ်ဆိုတာအမှန်ပဲ။

ပြီးတော့ အုပ်ထိန်းတဲ့ ကုမ္ပဏီကြောင့် အရှိန်အဝါတွေကြီးမားလာသလို ရှချင်းဝေနဲ့ နှစ်တွေကြာအောင် ​ပေါင်းသင်းလာခဲ့မှတော့ လွှမ်းမိုးခံရမှုတွေမရှိခဲ့ဘူးဆိုတာဘယ်ဖြစ်နိုင်ပါ့မလဲ။

ရှချင်းယန်ကို အားနည်း၍ နူးညံ့ညင်သာသော၊ သနားစဖွယ်ကောင်းသော ပန်းကလေးအဖြစ် ယုံကြည်သည်မှာ လုချီယွမ်က စုံလုံးကန်းနေလို့..

လုမန် အခန်းထဲကနေထွက်တော့ ရှချင်းဝေ​မှာခဲ့သည့်အတိုင်း တံခါးကို ဖွင့်လျက်သားချန်ခဲ့၏။

ထိုမှစခဲ့သော အချစ်များစွာသည် Where stories live. Discover now