171 ~ 175

3.2K 173 11
                                    

(Unicode)

အခန်း [ ၁၇၁ ]

ဟန်ကျိုးလီ လုမန်ကို တင်းနေအောင် ထွေးဖက်ထားလိုက်သည်။
“ ကိုယ်ရှိနေသရွေ့ မင်းကို ဘယ်သူမှ မလုပ်ကြံစေရဘူး ”

“ အင်း.. ”
လုမန် အသံလေး လုံးထွေးကာ ထွက်ပေါ်လာ၏။ သူမက မျက်နှာကို ဟန်ကျိုးလီရင်ခွင်မှာအပ်ကာ ခေါင်းညိတ်ရင်း ရင်ဘတ်နဲ့ ပွတ်တိုက်နေသည်။ တစ်ခါထိလိုက်တိုင်း ဟန်ကျိုးလီကိုယ်တွင်းမှ မီးတောက်ကို လောင်စာဖြည့်ပေးသလိုဖြစ်ကာ သူမကို ပိုင်ဆိုင်လိုစိတ်တွေ ပြင်းပြလာစေ၏။

အတိတ်ဘဝက သူမမှာ မှီခိုအားကိုးစရာရယ်လို့ တစ်ယောက်မှ မရှိခဲ့ပေမယ့် ဒီဘဝမှာတော့ ခုလိုတွေ အလိုလိုက်ကာကွယ်ပေးသည့် ဟန်ကျိုးလီ ရှိနေပြီ ဖြစ်သည်။ သူ့ရင်ခွင်ထဲမှာဆို လုံခြုံမှုကို ခံစားရသည်။

ရှောင်ချန်က နောက်ကြည့်မှန်ကနေ သူတို့နှစ်ယောက်ကို ကြည့်ပြီး သူ့ကိုယ်သူ သနားသွားကာ ကားနောက်ခန်းနဲ့ ရှေ့ခန်းကြားက အကာကို အသံတိတ် တင်ပစ်လိုက်သည်။

လုမန် : “…”

ဒါမျိုးဖြစ်မှာကို သိထားရင်လည်း စောစောစီးစီး တင်ထားလိုက်ပေါ့!!

ရှောင်ချန်ဆိုတာ သူတစ်ပါးနာကျင်ဒုက္ခရောက်မှ သဘောမနောခွေ့တဲ့သူ...

ရှောင်ချန် ဘာကိုမှ မမြင်နိုင်တော့ဘူးဆိုပါမှ ဟန်ကျိုးလီ အပူအပင်ကင်းသွားတော့၏။

လုမန်က သူ့ရင်ခွင်ထဲမှာငြိမ်ငြိမ်လေးရှိနေသဖြင့် သူ အသည်းတွေယားလာသည်။

ဟန်ကျိုးလီ ခေါင်းငုံ့ပြီး သူမနှုတ်ခမ်းတွေကိုဖမ်းဆီးကာ မက်မက်မောမော နမ်းလိုက်၏။ 

ဒီကောင်မလေးသာ အမြဲနာခံမှုရှိနေမယ်ဆိုရင်..

လုမန်နှုတ်ခမ်းလေးတွေ သူ့ကြောင့် စိုစိုအိအိ ရဲရဲဖောင်းဖောင်းလေး ဖြစ်လာသည်။ ဟန်ကျိုးလီ ကြည့်နေရင်း တံတွေးတွေ ထပ်မျိုချမိပြန်၏။ သောက်လေသောက်လေ ငတ်မပြေ..

ခါးကို ဖွဖွ ဖျစ်ညှစ်မိတော့ သေးသေးသိမ်သိမ် နူးနူးညံ့ညံ့လေး ဖြစ်နေပြန်သည်။

ထိုမှစခဲ့သော အချစ်များစွာသည် Where stories live. Discover now