25

6.3K 820 3
                                    

Unicode

အခန်း ၂၅ ) သူက လိုက်ရုံရှိသေး လုမန်က နစ်ဆမ် အနက်ရောင်ကားထဲဝင်သွားသည်။ 

နောက်ဆုံးတွင် ဟဲကျိန့်ပိုင်က သတိဝင်လာသည်။ ဒါရိုက်တာရဲ့အခန်းထဲကို လုချီ သွားတာနှင့်ပတ်သက်၍တော့ သူ သိသည်။

လုချီကလည်း သူ့ကို ပြောပြပြီးသား။ လုမန်ကို သူမနှင့်အတူ ခေါ်သွားမည်။ ဟန်လိက တစ်ခုခုလုပ်ချင်လာလျှင် လုမန်ကို ထားခဲ့လိုက်မည်။ ဘာပဲဖြစ်ဖြစ် လုဟန်လိကို ထိခွင့်ပေးမှာ မဟုတ်ဘူးတဲ့. . . 

လုချီကိုယုံသော်ငြား သူဟာ ယောက်ျားတစ်ယောက်ပေမို့ ဒီလိုကိစ္စတွေနှင့်ပတ်သက်ရင် သတိထားပြီး သဘောထားသေးသိမ်သည်။

သူမ အထိမခံရဘူးလို့ လုချီက ပြောပေမယ့် တကယ်ဟုတ်ပါ့မလား . . .

သို့သော်လည်း ဒါတွေမဖြစ်ခင်မှာ လုဟန်လိကို လုချီ သွားတွေ့မည့်အကြောင်း သူ လုံးဝ မသိပါချေ။

ဒီနေ့ကျမှ လုချီက သူ့ကို ကပျာကယာလာရှာပြီး လူတစ်ယောက်ကို ခိုက်မိအောင် လုပ်လိုက်သည်ဟု ပြောပြသည်။ သူမကို လုဟန်လိက ဘယ်လိုတွေကိုယ်ထိလက်ရောက်စော်ကားချင်​နေကြောင်းပင် ပြောပြကာ သူမက ငြင်းခဲ့သည်တဲ့။ စားပွဲတင်မီးအိမ်နဲ့ သတိလစ်အောင်လုပ်သည့်အချိန်မှာ လုဟန်လိကို မတော်တဆ ကြီးကြီးမားမားထိသွားခြင်း ဖြစ်ကြောင်း ပြောပြသည်။

ကိစ္စတွေကရုတ်တရက်ဖြစ်ပျက်သွားခဲ့ကာ စိုးရိမ်ရသောကြောင့် ဟဲကျိန့်ပိုင်မှာ ထိုကာလအတွင်း စောင့်ကြည့်ကင်မရာမှတ်တမ်းများကို ချက်ချင်းပင် သွားဖျက်ခဲ့ရသည်။ 

ဒါကို သူကိုယ်တိုင်လုပ်ခဲ့ခြင်း ဖြစ်ပြီး လုံခြုံရေးအစောင့်တွေအားလုံးကို အဝေးပို့ပစ်ခဲ့တာလည်း သူပဲဖြစ်သည်။

စောင့်ကြည့်ကင်မရာမှတ်တမ်းကို ကြည့်ခဲ့စဥ်က လုချီသည် ကိုယ့်ဆန္ဒနှင့်ကိုယ် လုဟန်လိ၏ အခန်းသို့ သွားခဲ့သောသူဖြစ်ကြောင်း သူမြင်တွေ့ခဲ့ပြီး ဖြစ်သည်။

သို့သော်လည်း ဟဲကျိန့်ပိုင်က ထပ်၍ ရှာဖွေဖော်ထုတ်ခြင်း မရှိခဲ့ပေ။

ထိုမှစခဲ့သော အချစ်များစွာသည် Where stories live. Discover now