7

7.2K 903 12
                                    

Unicode

အခန်း ၇ ) ကျွန်မလို သာမန်မိန်းမတစ်ယောက်ကို ရှင်က ဘာလို့ စိတ်ဝင်စားရတာလဲ

သို့သော် လုမန်၏ ကိုယ်နေဟန်ထားနှင့်ယှဥ်လျှင် လုချီ၏ ကိုယ်နေဟန်ထားက အများကြီး ပိုပြီး သံသယဖြစ်ဖွယ် ကောင်းသည်။

ထို့ကြောင့် ရဲအရာရှိတွေက လုချီကို သူတို့နှင့်အတူ ရဲစခန်းလိုက်ခဲ့ရန် မေတ္တာရပ်ခံလိုက်သည်။ လုချီသည် ကနဦးတည်းက လိပ်ပြာမလုံဖြစ်နေသည့်အပြင် ရဲအရာရှိတို့၏ မေတ္တာရပ်ခံချက်ကိုပါ ကြားလိုက်ရလျှင် ရဲစခန်းကို လိုက်ဖို့ ပိုပြီးတွန့်လာသည်။

ဟဲကျိန့်ပိုင်က သူမကို နှစ်သိမ့်ပေးသည်။
“ မကြောက်နဲ့ မင်းလုပ်ခဲ့တာမဟုတ်လို့ . . ဘာမှဖြစ်မှာမဟုတ်ဘူး ရဲစခန်းကို ကိုယ်လိုက်ခဲ့မယ် ”

လုချီက ခေါင်းညိတ်ရှာသည်။ ဖြူဖျော့နေသော မျက်နှာအပေါ်က အကြည့်မှာ သနားစရာတော့ ကောင်းသည်။

ထွက်သွားခါနီးမှာ ဟဲကျိန့်ပိုင်က လုမန်ကို လှည့်ကြည့်ပြီး မကျေမချမ်းနှင့် ပြောသွားသေး၏။
“ လုမန် မင်းတော်တော်စက်ဆုပ်ဖို့ကောင်းတာပဲ ကိုယ့်ညီမအရင်းကိုတောင် ဒီလိုဆက်ဆံတယ်. .  ဒီလိုတွေဖြစ်အောင် မင်းလုပ်ခဲ့တာမို့လို့ကို မင်း ပြေးမလွတ်ပါဘူး ”

လုမန် မယုံနိုင်စွာ ရယ်သွမ်းပစ်မိသည်။
အရင်ဘဝမှာရော လက်ရှိဘဝမှာပါ မတရားခံရသည့် တစ်ယောက်က သူမ ဖြစ်ပါရက်နှင့် သူက ဘယ်လိုတောင် ပြောရက်တာလဲ၊

ဒါပေမယ့် သူမကို အပြစ်ပုံချခဲ့ကြသည်ပဲ။ 

အတိတ်ဘဝမှာ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့နှင့် သူမမေမေလို ဇာတ်သိမ်းခွင့်ပေးမှာ မဟုတ်ဘူး လို့ ​ကြင်နာစွာ ပြောခဲ့တာက ဒီလူပင်ဖြစ်သည်။

သို့ပေမယ့် ခုတော့ သူက လုမန် နှင့် သူမမေမေကို ပျက်စီးကိန်းကြုံစေခဲ့သည့် မိန်းမ၏ သမီးကို ကူညီပြီး သူမကို ချောက်ချနေလေသည်။ 

သူမလည်း အတိတ်မှာ မျှဝေခဲ့သည့် အမှတ်တရတွေကို မေ့ထားခဲ့ပြီး ဖြစ်သည်။ 

ထိုမှစခဲ့သော အချစ်များစွာသည် Where stories live. Discover now