55

4.3K 508 14
                                    

အခန်း ၅၅။ အဲ့ဒီမသိတတ်တဲ့ဟာလေးက သူ့ကို အဖေလို့ ဘယ်တုန်းကမှ မသတ်မှတ်ခဲ့လောက်ဘူး!

လောလောဆယ် သည်ကိစ္စကိုကျော်လွှားနိုင်လို့ ထောင်ထဲသွားစရာမလိုတော့ရင်တောင် တစ်ကျော့ပြန်ခေတ်ထလာဖို့ဆိုတာက အနုပညာလောကမှာ ဖြစ်ရပ်ဆန်းကြီးပဲ ဖြစ်လိမ့်မည်။ 

အထက်လူကြီးတွေနှင့်အိပ်တယ်..သူတစ်ပါးကိုထိခိုက်ဒဏ်ရာရအောင်လုပ်တယ်..ကြားလူပါ ဝင်လုပ်နေသေးတယ်.

ဒါတွေထဲမှာ ဘာကပဲဖြစ်ဖြစ် သူမကိုတော့ အထိနာစေသည်ပင်။ 

ဒါရိုက်တာကိုသူမကအန္တရာယ်ပြုခဲ့သည်ဆိုသော သက်သေက လုံလောက်မှုမရှိရင်တောင် ထန်းကျိဖြန့်ချိလိုက်တာတွေနှင့်ဆိုလျှင် အင်တာနက်လောကသားတွေဒေါသထွက်ပြီး သူမရဲ့ပရိသတ်တွေကို ဆုံးရှုံးလိုက်ရမှာက သေချာပါသည်။

လုချီငိုနေတာကိုမြင်တော့ လုချီယွမ်ကဒေါသပိုထွက်လာသည်။
“ ငါ ရှချင်းဝေနဲ့ သွားတွေ့မယ်! လုမန်ကိုငါမထိန်းနိုင်ပေမယ့် သူ မထိန်းနိုင်ဘူးဆိုတာတော့ မယုံဘူး! ”

လုမန်မှ လုချီအား အမှုဆင်ရန် ကြိုးစားခြင်းသည် လုချီယွမ်အား ဒေါသထွက်စေပြီးဖြစ်၏။ ဒါပေမဲ့လည်း ဒီဟာမလေးက သူ့ကိုပါ တိုက်ခိုက်ဖို့လုပ်နေတဲ့ပုံပဲ!!

အဲ့ဒီမသိတတ်တဲ့ဟာလေးက သူ့ကို အဖေလို့ ဘယ်တုန်းကမှ မသတ်မှတ်ခဲ့လောက်ဘူး!

ထိုအရေးကြောင့် လုချီယွမ်မှာရုံးသို့မသွားတော့ဘဲ ဆေးရုံသို့ တန်းသွားခဲ့သည်။

***

လုမန်တစ်ယောက် ရှချင်းဝေကိုဆန်ပြုတ်ခွံ့ကျွေးလို့အပြီးမှာပဲ တံခါးအပြင်က ဆူညံသံတချို့ကို ကြားလိုက်ရသည်။

“ မင်းက ဘယ်သူမို့လို့ ငါ့ကို မဝင်ဖို့ တားနေတာလဲ ဘာကြောင့်လဲ ” ဆေးရုံသို့ ရောက်သည်နှင့် လုချီယွမ်က ရှချင်းဝေ၏ အခန်းနံပါတ်ကို သူနာပြုထံချက်ချင်း မေးခဲ့သည်။

မနေ့ကရန်ပွဲကြောင့် သူ့အား မှတ်မိနေသော သူနာပြုဆရာမက ဘာဆိုဘာမှ မပြောချင်။

သို့ပေမယ့် သူကတော့ ဇနီးဟောင်းကို လာတွေ့တာပါလို့ပဲ အခိုင်အမာဆိုနေလေ၏။ ထို့ကြောင့် သူနာပြုဆရာမမှာ တားလို့မဖြစ်တော့ဘဲ ဝန်လေးစွာဖြင့် ရှချင်းဝေ၏ အခန်းကို ပြောပြလိုက်ရသည်။

ထိုမှစခဲ့သော အချစ်များစွာသည် Where stories live. Discover now