109

2.4K 238 5
                                    

အခန်း [ ၁၀၉ ]

နေမထိထိုင်မသာဖြစ်နေသော်လည်း ဒီတိုင်းဆက်နေရုံမှတစ်ပါး တတ်နိုင်တာမရှိသည့်အပြင် ဟန်ကျိုးလီနှင့် ထိလွယ်နီးလွယ်နေသည့် အ​ခွင့်အရေးတွေက များလွန်းနေရာ လုမန် နှလုံးခုန်ရင်တုန်နေတာကို မထိန်းချုပ်နိုင်ပေ။

ဒါကို အချိုပွဲသုံးဆောင်နေသည်ဟု မှတ်ယူရမည်လား..

" လုမန် "
အသက်ရှူကျပ်လောက်အောင် အသံတွေအကြာကြီးတိတ်နေပြီးမှ ဟန်ကျိုးလီအသံက နားနားမှာ ကပ်ထွက်လာ၏။

" ဟင် "
လုမန်ခေါင်းလေးဟိုဘက်လှည့်ကြည့်လိုက်လျှင် ဟန်ကျိုးလီလက်က နှုတ်ခမ်းတွေကိုလာထိ၏။

ပူရှိမ်းရှိမ်းရနံ့တွေရလိုက်သလို နှုတ်ခမ်းသားလေးတွေပေါ်မှာ အနည်းငယ်ကြမ်းရှသော လက်ချောင်းလေးတွေ ပွတ်တိုက်သွားတော့ နှုတ်ခမ်းတွေ ထုံကျန်ခဲ့သည်။

ထို့နောက် သူက လက်ကို ပြန်ရုပ်သွားလိုက်လျှင် လက်ချောင်းထိပ်တစ်နေရာမှာ ထမင်းစေ့လေးတစ်စေ့ကပ်ပါသွားတာကို တွေ့သည်။

" နှုတ်ခမ်းမှာကပ်နေလို့ "
ဟန်ကျိုးလီက နည်းနည်းမှပြောင်းလဲခြင်းမရှိသောမျက်နှာဖြင့် ရှင်းပြသည်။

ပြီးတော့ စောစောက နှုတ်ခမ်းမှာကပ်နေခဲ့သော ထိုထမင်းစေ့ကို ပါးစပ်ထဲထည့်ပစ်လိုက်သဖြင့် လုမန် မျက်လုံးတွေ ပြူးခနဲ ဖြစ်သွားလေ၏။

ရုတ်တရက် ခေါင်းထဲမှာ ဗုံးတစ်လုံး ပေါက်ကွဲသွားခဲ့သလို လူက ကြောင်တောင်တောင်ဖြစ်ကျန်ခဲ့လျက်။

အရင်က ဖြစ်ခဲ့တာတွေကို မတော်တဆလို့ဆိုချင်ဆို ခုနကဟာကတော့ လုံးဝကို မတော်တဆမဖြစ်နိုင်ဘူး!

ဘယ်လိုလူကများ သူများနှုတ်ခမ်းပေါ်ကထမင်းစေ့ကိုယူပြီး ပါးစပ်ထဲထည့်စားပစ်မှာလဲ !

ဒါ ... ဒါ သူ ရမ်းကားလိုက်တာပဲ!

" သခင်လေးဟန်.. "
လုမန်နှုတ်ခမ်းတွေတဆတ်ဆတ်တုန်နေသည်။

သူထိတွေ့သွားခဲ့သည့် နေရာတိုင်းမှာ ဓာတ်လိုက်သွားသလို ထုံကျင်ရှိန်းဖိန်းကျန်ခဲ့၏။

ထိုမှစခဲ့သော အချစ်များစွာသည် Wo Geschichten leben. Entdecke jetzt