116 ~ 120

2.9K 264 3
                                    

(Unicode)

အခန်း [ ၁၁၆ ]

လုမန် သူမကို အထင်သေးနေတာလား..

သင်းကများ!!

ပြဿနာကို တော်သလို ​ညှိပြီးသွားသည့်အတွက် ဝူလီကျဲလည်း ဘာမှမတတ်နိုင်တော့ပေ။
“ ရှင်းလို့ပြီးပြီဆိုတော့ လုမန်နဲ့သိုက်ယီးရန်က သွားပြင်ဆင်ကြပါ၊ ကျန်တဲ့သူတွေလည်း ကိုယ့်အလုပ်ကိုယ်ပြန်လုပ်ကြပါ၊ ဝိုင်းအုံမနေကြနဲ့ ”

ဟန်ကျိုးလီ ရှိနေဆဲဖြစ်သဖြင့် ဝန်ထမ်းတွေ အချောင်မခိုရဲဘဲ ကိုယ့်နေရာကိုယ် သွက်သွက် ပြန်သွားကြသည်။

အတန်ငယ်ကြာတော့ ဟန်ကျိုးလီကလည်း ကျန့်ထျန်းမင်နှင့်အတူ ထွက်သွားသည်။

လုမန် စားပွဲမှာ သွားထိုင်လိုက်ကာ တုလင်း၏ ဖိုင်ကို ချက်ချင်းလက်ငင်း ဖွင့်၍ မှတ်တမ်းမှတ်ရာတွေကို ကြည့်လိုက်သည်။

အဆိုပြုလွှာကို ရေးဆွဲပြီး တချို့ကို အသေးစိတ်စွာ သိုသိုသိပ်သိပ် လုပ်ဆောင်ခဲ့ပြီး ဖြစ်သော်လည်း ပြင်ဆင်မွမ်းမံမှုတွေ ထပ်တလဲလဲ ပြုလုပ်ပေးမှ အဆိုပြုလွှာကောင်းတစ်ခုကို ရရှိမည် ဖြစ်သည်။ လက်ဦးအဆိုပြုလွှာတုန်းက နှစ်ရက်တည်းဖြင့် အပြီးသတ်ခဲ့ရကာ သူမလည်း ကျေနပ်မှုမရှိပေ။

သူမနောက်ဘက် ဓားလွယ်ခုတ်နေရာလောက်မှာ သိုက်ယီးရန် ထိုင်သည်။ ဟန်ကျိုးလီနှင့် ဝူလီကျဲတို့ ထွက်ခွာသွားသဖြင့် ယဲ့ရှောင်ရှင်းနှင့် ရှမုံ့ရွှမ်းက သူမအနားကို ချက်ချင်း ရောက်ချလာသည်။

“ ယီးရန်.. နင်မို့ အောက်ကျခံတယ်ဟာ! နင်တို့နှစ်ယောက် မပြိုင်ကြရင်တောင် နင် သူ့ထက် သာတယ်ဆိုတာ ငါတို့သိတယ် ”
ယဲ့ရှောင်ရှင်းအသံက လုမန်နားထဲပေါက်ရောက်လောက်အောင် ကျယ်သည်။ မကျေနပ်မှုတွေဘယ်အတိုင်းအတာအထိ ရောက်နေပြီလဲ။

“ ဟုတ်တယ်၊ တက္ကသိုလ်ပညာတစ်ပိုင်းတစ်စနဲ့ ထွက်လာတဲ့ သူ့လိုလူက နင့်ကိုယှဥ်နိုင်ပါ့မလား ”
ရှမုံ့ရွှမ်းက နှုတ်ခမ်းတွေမဲ့ပစ်သည်။

ထိုမှစခဲ့သော အချစ်များစွာသည် Where stories live. Discover now