36

6K 764 7
                                    

Unicode

အခန်း ၃၆ ) ဆုတောင်းလေ!

ဒါပေမယ့် လုမန်က သွက်သွက် ထွက်ပြေးရင်း သူနာပြုဆရာမတွေကို အော်ပြောလိုက်သည်။
“ မြန်မြန်လေး.. လူနာခန်းကို ကာကွယ်ဖို့ လူလွှတ်ပေးပါ ဆရာမတို့! တကယ်လို့ ဒီဆေးရုံမှာ ဆရာမတို့ရဲ့လူနာ တစ်ခုခုဖြစ်သွားခဲ့ရင် ဆရာမတို့ပဲ တာဝန်ယူရမှာပါနော်.. ”

သူနာပြုတွေ သတိဝင်လာပြီး လူနာခန်းကို ကာကွယ်ရန် လုံခြုံရေးကို အမြန်ခေါ်လိုက်ကြ၏။

ကံကောင်းထောက်မစွာဖြင့် သူနာပြုဆရာမတွေက လုမန်ကို မှတ်မိပြီး သူမ ပြောစရာမလိုဘဲ ဘယ်အခန်းသွားရမည်ကို တန်းသိကြသည်။

“ နေ့ခင်းကြောင်တောင်ကြီး လူလိုက်ဖမ်းရဲတဲ့ သတ္တိကနည်းလား!! ဥပဒေဆိုတာကိုရော သိကြသေးရဲ့လား!! ” လုမန် စွပ်စွပ်စွဲစွဲနှင့် အော်ပြောလိုက်ကာ “ သိမယ့်ပုံလည်းမပေါ်ပါဘူး။ သိရင် ငါ့ကို လုချီအတွက် အချောင်ဝင်ခံခိုင်းမှာ မဟုတ်ဘူး။ လုချီဆိုတာကလည်း အတန်တန်တားပါရက်နဲ့ ဒါရိုက်တာနဲ့အိပ်ဖို့ ကြံပြီး မအောင်မြင်လို့ ဒဏ်ရာတွေပေးပြီးကာမှ အခု ဂျေးအောင်းရမှာကြောက်လို့ ငါ့ကို သက်သက်မဲ့ အချောင်ဝင်ခံရအောင် လုပ်တယ်! အဟက်! ဆုတောင်းလေ! ”

“ တိတ်တိတ်နေစမ်း! ”
လုချီယွမ်က အံ့သြတုန်လှုပ်ဒေါသထွက်စွာဖြင့် အော်သည်။

“ ဘာလို့တိတ်ရမှာလဲ။ လုချီက အဖေ့သမီး။ ကျွန်မကလည်း အဖေ့သမီးပဲ။ ဘာကွာလဲဆိုရင် အခုမိန်းမရဲ့သမီးက ရတနာဖြစ်ပြီးတော့ အရင်မိန်းမရဲ့သမီးကတော့ အမှိုက်သရိုက် ဟုတ်တယ်မလား။ လုချီအမှားကို သိလိုက်သားနဲ့ ကျွန်မကို သူ့အတွက် အချောင်ဝင်ခံခိုင်းချင်ရအောင် ခင်ဗျားမှာ ဘာလုပ်ပိုင်ခွင့်တွေရှိနေလို့လဲ အဖေ။ လုချီကို ပိုချစ်တယ်ဆိုရင်တောင် ကျွန်မကလဲ အဖေ့သမီးဖြစ်တယ်ဆိုတာကိုတော့ မှတ်မိထားသင့်ပါတယ်.. ဟုတ်လား။ ကျွန်မက အဖေ့ကို ထိခိုက်နာကျင်အောင် လုပ်ဖူးတာမဟုတ်ဘူး။ ဘာဆိုဘာမှလည်း အကြွေးတင်နေတာမရှိဘူး။ အဲဲဲဒါကြောင့် အဖေတို့အားလုံးက ဘာအတွက်နဲ့ ကျွန်မဒုက္ခရောက်အောင် လုပ်ချင်ကြတာလဲ! ”

ထိုမှစခဲ့သော အချစ်များစွာသည် Where stories live. Discover now