114 ~ 115

2.8K 267 9
                                    

Unicode:

အခန်း [ ၁၁၄ ]

လုမန်က ခပ်တုံးတုံးတစ်ခုကို တင်ပြလာခဲ့သည်ဆိုလျှင်တောင် သူက ရွေးချယ်ဦးမည်ပင်။

ထိုမျှမကသေး သူ အပြည့်အဝ ယုံကြည်သည်။ သူမမှာ သိုက်ယီးရန်ကို ရှုံးနိမ့်မည် မဟုတ်သော အရည်အချင်းတွေ ရှိနေသည်။

သို့သော် လုမန်က သူ့အတွေးတွေကို မသိပေ။ စီမံချက်ကို သူ လက်ခံပြီးဖြစ်လို့ ပြောင်းလဲမှာမဟုတ်ဘူးလို့ပဲ သေချာတွက်ထားခြင်းဖြစ်၏။

“ ကောင်းပြီလေ၊ လက်ခံတယ် ”
ဟန်ကျိုးလီ ခေါင်းညိတ်လိုက်သည်။

“ ဒါပေမဲ့ တစ်ခုတော့ရှိတယ် ”
ဟူသော လုမန်ရဲ့စကားမှာ
သိုက်ယီးရန်က ခပ်မဲ့မဲ့ပြုံးလေ၏။

“ ဘာလဲ အခုကတည်းက ကြောက်နေပြီလား၊ တစ်ခုဆိုတာက ဘာလဲ ”

သိုက်ယီးရန်ဝင့်ကြွားနေတာကို လုမန် လုံးဝ လျစ်လျူရှုထားလိုက်ကာ..
“ လောင်းကြေးတစ်ခုလောက်ထပ်ကြမယ်ဆိုရင် ဘယ့်နှယ်လဲ ”

“ လောင်းကြေး .. နင်က ဘာကို လောင်းကြေးထပ်ချင်တာလဲ ”

“ ကျွန်မတာဝန်ယူတဲ့ ပရောဂျက်ကို စမ်းသပ်ပွဲအနေနဲ့ယူပြီး ရှုံးတဲ့သူ ထွက်​ကြေး၊ အစမ်းခန့်ကာလကျော်အောင် စောင့်နေစရာမလိုဘူး ”

ဟန်ကျိုးလီနှင့်လုမန်ကလွဲပြီး ကျန်တဲ့သူတွေအားလုံး ကြက်သေသေသွားကြသည်။

သိုက်ယီးရန်တောင်မှ ကြောင်တက်တက်ဖြစ်လို့..

လုမန်ဒီလောက်တောင်ယုံကြည်မှုရှိနေတာလား..

ရှုံးသွားမှာကို မကြောက်ဘူးလား..

သူမအနေနှင့်တော့ ​ပူပင်စရာရယ်လို့ မရှိပါ။ သူမသည် ဝန်ကြီးသမီးဖြစ်ပြီး ဟန်တုံးဖျင်ကိုယ်တိုင် ခေါ်လာခဲ့သူဖြစ်ရာ ဘာဖြစ်ဖြစ် အလုပ်ပြုတ်မှာတော့ မဟုတ်။

သို့သော် အခြေအနေချင်း မတူညီသည့် လုမန်က ခက်ခက်ခဲခဲရထားသည့်အလုပ်ကို လောင်းကြေးထပ်ချင်နေသည်တဲ့။

တုံးတာလား

တကယ်ပဲ အနိုင်ယူနိုင်မယ်လို့ ယုံကြည်မှုရှိနေတာလား 

ထိုမှစခဲ့သော အချစ်များစွာသည် Where stories live. Discover now