85

3.7K 413 11
                                    

အခန်း [ ၈၅ ]

“ ဖုန်းခေါ်နေတာကို ဘာလို့ ခုမှကိုင်တာလဲ ”
လုချီယွမ် မကျေမနပ် ကြိမ်းမောင်းလေသည်။

လုမန် ခပ်မဲ့မဲ့ ပြုံးလိုက်မိ၏။ နောက်ကျမှ ဖုန်းကိုင်တော့လည်း ကိုယ့်အမှား ..။ 
“ မကြားလိုက်လို့ပါ ”

“ ညည်းကို အိမ်ပြန်လာဖို့ မပြောထားဘူးလား ” 

“ ပြန်လာသားပဲ .. ရှချင်းယန်မှ ပေးမဝင်တာ .. ဘယ်တတ်နိုင်မလဲ ”

“ ငါ့ကို နလပိန်းတုံးမှတ်နေလား .. ညည်း တမင် အထင်လွဲအောင် လုပ်သွားတာ ငါသိတယ်  ”

“ ဟား .. သူများ အဲ့ဒီကိုသွားတုန်းက စကားတစ်ခွန်းတောင် မပြောခဲ့ရဘူးနော် .. သူ့ဟာသူ လာသရော်တယ် ပိုက်ဆံလာတောင်းတယ် ထင်ပြီး လုံးဝကို အထဲပေးမဝင်တာ .. ခုက သူများကို အပြစ်တင်နေတာလား .. ရယ်ရတယ်နော်! ”

“ ဘာမှမပြောတာနဲ့ပဲ ညည်းမှာ အပြစ်လွတ်ပြီ ထင်နေတာလား .. ဟွန်း .. ဘာမှတော့မပြောဘူး၊ ညည်းအမေ အထင်လွဲပြီး မောင်းထုတ်အောင်ပဲ လုပ်တာ ဟုတ်သလား .. အဲ့ဒါမှ ညည်း အိမ်ထဲကို ဝင်စရာ မလိုတော့မယ့် အကြောင်းရမှာလေ၊ တို့တွေကို အရူးမှတ်ပြီး အရူးလုပ်နေတာ ဟုတ်သလား! ”

“ တစ်အချက် ရှချင်းယန်က ကျွန်မရဲ့အမေ မဟုတ်ဘူး .. သူ့လို မိန်းမကြီးသာ ကျွန်မကိုမွေးခဲ့တာဆိုရင် အိပ်မက်ထဲမှာတောင် ငိုရလိမ့်မယ် .. နှစ်အချက် ကျွန်မဘာလုပ်လုပ် အမြဲ ကျွန်မပဲ မှားတယ်မို့လား .. ကျွန်မမှာပဲ တာဝန်ရှိတယ် .. ရှင် မဟုတ်ဘူး .. ”

“ ဘာကို မဟုတ်တာလဲ .. သူက ငါ့ဇနီးဖြစ်တဲ့အတွက် မင်းရဲ့အမေပဲ ”

“ ကျွန်မမှာ အမေတစ်ယောက်ပဲ ရှိတယ် .. သူက အခု ဆေးရုံခုတင်မှာ လှဲနေရတယ် .. တွေ့ကရာ ခွေးတွေ ဝက်တွေကို ကျွန်မရဲ့မိဘ လာမလုပ်ခိုင်းပါနဲ့ .. ဟွန်း .. အရည်မရအဖတ်မရတွေပြောတာ​တော်လောက်ပြီ .. တကယ့်ကိစ္စက ဘာလဲ ”
လုမန် စိတ်မရှည်တော့ပါ။

လုချီယွမ်လည်း ဒေါသူပုန်ထနေပြီ ဖြစ်၏။
“ ဘယ်သူ့ကို ဝက်တွေ ခွေးတွေလို့ ပြောနေတာလဲ! မင်း ခုချက်ချင်း ပြန်လာခဲ့စမ်း ”

ထိုမှစခဲ့သော အချစ်များစွာသည် Where stories live. Discover now