193 + 194

716 73 4
                                    

(Unicode)

အခန်း [ ၁၉၃ ]

“ နင် ဘာစကားပြောတာလဲ ”
ဟန်တုံးဖျင် ဒေါသနဲ့ လက်တွေထိုးခနဲထောင်ခနဲ ဖြစ်သွားသည်။
“ ငါက လူကြီးသူမအနေနဲ့ပြောတာ! ”

“ အို မသိပါဘူး ကျွန်မက အစ်ကိုကြီးများ သူ့ကို မျက်စိကျနေတယ် မှတ်လို့။ မိန်းကလေးကို ဟန်ကော်ပိုရေးရှင်းမှာ အလုပ်ရအောင် စီစဥ်ပေးတဲ့အပြင် စံအိမ်ဟောင်းကိုတောင် ခေါ်လာခဲ့တာ .. ဒါမျိုးက ချစ်သူကောင်မလေးကို မိဘတွေနဲ့ ပေးတွေ့သလိုမျိုး ဖြစ်မနေဘူးလား ”
ရှန်နော့သည် ဖိနပ်လဲပြီးနောက် ရွဲ့သလိုစောင်းသလိုတွေပြောပြီး အထဲဝင်လာသည်။

“ ဘယ်လိုပြောလိုက်တယ်! ”
ဟန်တုံးဖျင် သူတို့လင်မယားကြောင့် ဒေါသဆို့နေပြီ ဖြစ်သည်။

“ အစ်ကိုကြီးရဲ့လုပ်ရပ်ကကို ထူးဆန်းနေတာပဲ။ မဆိုင်တဲ့လူတစ်ယောက်အတွက် ဘာဖြစ်လို့ ကျိုးလီကို ဒီလောက်တောင်ဒုက္ခပေးရတာလဲ။ အစ်ကိုကြီးက ဒီမိန်းကလေး မဆိုးဘူးလို့ထင်တာနဲ့ပဲ ကျိုးလီက မျက်စိမှိတ်လက်ခံရမှာလား။ ချစ်သူရည်းစားရှာနေတာ သူပါ။ အစ်ကိုကြီးမှ မဟုတ်ဘဲ။ သူ မဆိုးဘူးလို့ထင်ရင် အစ်ကိုကြီးဘာသာ ယူလိုက်ပေါ့ ”
ရှန်နော့က ဘွားဘွားဟန်ဘေးမှာ ဝင်ထိုင်သည်။ ပြီးတော့ ညာခြေကို ဘယ်ခြေပေါ်ချိတ်တင်ကာ လက်တွေကို ရင်ဘတ်မှာ လျှပ်ပိုက်၍
“ မိဘတွေဖြစ်တဲ့ ကျွန်မတို့ကတောင် ဒီလောက်မပူပန်ရဘူး။ အစ်ကိုကြီးက ဘာဖြစ်နေတာလဲ။ ကြက်တူရွေးက တော်တော် မယ်..  ”

ဆက်မပြောဖြစ်တော့ဘဲ ဟန်တုံးဖျင်ကို သရော်သလိုသာ ကြည့်လိုက်သည်။

သူမဆိုလိုချင်သည်ကို အားလုံး သိကြသည်။ သို့ပေမယ့် မတားကြ။

ဘွားဘွားဟန်ကတော့ ရယ်သည်။ ဒီချွေးမဟာ ပွင့်လင်းရိုးသား၏။ ပွင့်လင်းသည့်စရိုက်ကို သူမ သဘောကျသည်။ 

ခုနကလို စကားမျိုးတွေ သူမပါးစပ်ကနေ ထွက်တော့မည့်အချိန်မှာ ဘယ်လိုရပ်တန့်ရမည်ကို သိသည်။

ဟန်တုံးဖျင်ကတော့ ရှန်နော့ကို လက်ညှိုးတစ်ချောင်းထိုးထားလျက် ဒေါသနဲ့ တဆတ်ဆတ် တုန်ယင်နေသည်။ သူမကတော့ အေးဆေးတည်ငြိမ်နေပါကော။ ဟန်ရှီးကျင့်ဆိုတဲ့ကောင် ဘာဖြစ်လို့ ဒီလိုမိန်းမမျိုးကိုမှ ရှာယူရတာလဲ!

ထိုမှစခဲ့သော အချစ်များစွာသည် Where stories live. Discover now