110

3.2K 267 8
                                    

အခန်း [ ၁၁၀ ]

" မဆိုးပါဘူး "
သူ့ရင်ထဲမှာ လုမန်အတွက် ဂုဏ်ယူခြင်းတွေသာ တိုးပွားလာနေတာကို သိသည်။

ကြာလေ သိလေ၊ နားလည်လာလေ သူမကို ပိုသဘောကျမိလေ ဖြစ်၏။

" သာမန်လူတွေဆိုရင် အင်တာဗျူးဖြေပြီးလို့ အလုပ်ခန့် ခံလိုက်ရပြီဆိုတာနဲ့ အားလုံးအဆင်ပြေပြီလို့ ထင်ကြတယ်၊ ဒီကေ့စ်ကိုလည်း သူတို့ကို သေချာပေါက် ပေးမှာ မဟုတ်ဘူး၊ သူတို့နဲ့ မသက်ဆိုင်ဘူးလို့ တွက်ကြတယ်၊ ဒါပေမဲ့ အခွင့်အရေးတွေဆိုတာ ပြင်ဆင်မှုရှိတဲ့သူတွေအတွက်ပဲဆိုတာကို သူတို့ မသိကြဘူး "
ဟန်ကျိုးလီက လေးစားသဘောကျသော မျက်လုံးကြီးတွေနှင့် ကြည့်နေသည်။

သူသဘောကျသည့် မိန်းကလေးသည် ဧကန်အဟုတ် ထူးချွန်နေပါဘိ။

လုမန်ကတော့ မျက်လုံးရွဲကြီးတွေကြောင့် မျက်နှာနီမြန်းလျက်ရှိ၏။ နှုတ်ရေးဖြင့် ချီးမွမ်းလျှင်ပင် ထိုမျှ နီမြန်းလိမ့်မည် မထင်။

" ခဏနော် "
​​သူ့ဘာသာပြောပြီး ဖုန်းကောက်ဆက်ကာ စားစရာဘူးတွေခွက်တွေလာရှင်းဖို့ ​မှာသည်။

ပြီးတော့ လုမန်ဘေးမှာဝင်ထိုင်ပြီး နှစ်ယောက်ကြားက ဖိုင်ကို ဖွင့်၏။
" မင်းစဥ်းစားထားတာတွေကို ပြောပါ "

လုမန် ခေါင်းညိတ်လိုက်သည်။
" နှစ်ခု စဥ်းစားထားပေမယ့် ကျွန်မအနေနဲ့တော့ ပထမတစ်ခုကို ပိုကြိုက်ပါတယ်၊ နှစ်ခုလုံးကိုလက်ခံမယ်ဆိုရင်တော့ တုလင်းရယ် သူ့ဘာသာရွေးချယ်ပါစေ၊ သူ ဘယ်တစ်ခုကို လက်ခံချင်လဲဆိုတာ သိရအောင်ပါ "

ပလန်အကြောင်း စနစ်တကျ စပြောပြခဲ့၏။

တကယ်တော့ ဆေးရုံမှာတည်းက နှစ်ခုစလုံးကို ချရေးပြီးခဲ့ပြီဖြစ်ကာ ဒီကိစ္စကို ဟန်ကျိုးလီက စမ်းသပ်မှုအဖြစ် လုပ်ဆောင်လိမ့်မည်ဟု မထင်ထားသဖြင့် ပထမဆုံးအလုပ်ဝင်သည့်နေ့မှာ ထိုစာရွက်တွေသည် သူမနှင့်အတူ ပါမလာခဲ့ပေ။

တော်သေးသည်က ဒီတာဝန်ကို ကိုယ့်ဆီလွှဲပေးမည်ဟု ကြိုတင်မသိရှိခဲ့သော်လည်း တစ်ခုခုကိုလေ့လာဖို့ အခွင့်အရေးရတိုင်း လက်လွတ်မခံဘဲ အမိအရအသုံးချတတ်သည့် အကျင့်ကြောင့် တုလင်းအတွက် ပရိုဂရမ်ကို ပြီးဆုံးသည်အထိ အစီအစဥ်ဆွဲဖြစ်ခဲ့သည်။ အချိန်ယူပြီးတော့လည်း ပိုကောင်းအောင် ပြင်ဆင်တာတွေ ပြုလုပ်ခဲ့သဖြင့် ကိုယ်ချထားသည့် ပလန်နှင့်ပတ်သက်သည့် အချက်အလက်တိုင်းကို အလွတ်ရနေသည်။

ထိုမှစခဲ့သော အချစ်များစွာသည် Where stories live. Discover now