40

6.8K 798 28
                                    

Unicode

အခန်း ၄၀ ) ဓာတ်လှေကားထဲကထွက်လာသူနှင့်ဝင်တိုက်မိခြင်း

“ အဲ့လိုမဟုတ်ဘူး အမေ သမီးပြောပြပါမယ် ပြောပြမယ်နော် ” လုမန်မှာ ရွေးချယ်စရာမရှိ။ ဖြစ်ကြောင်းကုန်စင်အား သူမမေမေကို အကြမ်းဖျင်း ပြောပြလိုက်ရုံသာရှိသည်။
“ လုချီက သရုပ်ဆောင်နေရာအတွက် ဒါရိုက်တာကိုသွားတွေ့ခဲ့တယ်။ ဒါပေမဲ့ ရှောင်လွှဲလို့မရတော့တဲ့အချိန်ကျမှ နောင်တရသွားလို့ ဒါရိုက်တာကို ထိခိုက်အောင် လုပ်ပစ်လိုက်တယ်။ အခု သက်သေတွေအားလုံးက သူ့ကိုပဲ ဦးတည်နေတာ။ ဒါပေမဲ့ အဖေက လုချီကို ထောင်ထဲမထည့်လိုက်နိုင်ဘူး။ အနုပညာလုပ်ငန်းမှာ သူ့အလုပ်ကို မထိခိုက်စေချင်ဘူးတဲ့။ အဲဒါကြောင့် သမီးကို လုချီအစား ထောင်ထဲဝင်ပေးစေချင်တယ် ”

ဒေါသကြောင့် ရှချင်းဝေ တစ်ကိုယ်လုံး တုန်ရီနေသည်။ “ လုချီယွမ် ရှင်တိရစ္ဆာန် ဒီလိုကိစ္စမျိုးကို ရှင်ဘယ်လိုများ လုပ်ရက်သလဲ! ”

သူမနှင့်အတူနေလျှင် ခက်ခဲမှာစိုး၍ လုအိမ်မှာ လုမန်ကို ထားခဲ့မိခြင်းအတွက် အခု တကယ်ကို နောင်တရနေပြီ ဖြစ်သည်။

ဒီကလေးဟာ ဘာတစ်ခုမှမပြောခဲ့တာကြောင့် ဒီနှစ်တွေတစ်လျှောက်လုံးမှာ သူမ ဘယ်လောက်တောင် ခံစားခဲ့ရပြီးပြီလဲ ဘယ်သူမှမသိပေ။

ဒီလိုကိစ္စဖြစ်ပြီးသည့်နောက်မှာပင် လုချီယွမ်က မျက်တောင်တစ်ချက်မခတ်ဘဲ ကလေးကို ဓားစာခံလုပ်ချင်သည်။ ဒါမျိုးတွေမိုးမွှန်အောင်လုပ်ခဲ့လို့ပဲ အခု သူဘယ်လိုတွေဘက်လိုက်နေသလဲ သတိမထားမိအောင် အကျင့်ဖြစ်နေတာမဟုတ်လား။

“ ချင်းဝေ .. ဆင်ခြင်တုံတရားရှိစမ်းပါ လုမန်က လုချီရဲ့အစ်မ .. ဒီလိုအရေးကြီးတဲ့အချိန်မှာ သူမှ လုချီကိုမကူညီရင် ဘယ်သူက ကူညီမှာတဲ့လဲ။ ပြီးတော့ ဒီနှစ်တွေတစ်လျှောက်လုံးမှာ ချီချီအများကြီးခံစားခဲ့ရပြီးပြီဆိုတာကို မင်းမသိဘူးလား။ ငါ သူ့ကို စိတ်မပျက်စေချင်ဘူး ”
လုချီယွမ်ဟာ ထိုသို့ ပြောဆိုလိုက်ပေမယ့် သူ့ကြောင့် လုမန်ဘယ်လောက်တောင်ဝမ်းနည်းစိတ်ပျက်ခဲ့ရပြီးပြီလဲဆိုတာကိုတော့ တစ်ချက်ကလေးမှ မတွေးခဲ့ပေ။

ထိုမှစခဲ့သော အချစ်များစွာသည် Where stories live. Discover now