126 ~ 130

4.1K 304 11
                                    

(Unicode)

အခန်း [ ၁၂၆ ]

အရေးပေါ်ခန်းနားကို ရောက်သောအခါ လုမန် တုံ့ခနဲ ရပ်သွား၏။
“ သခင်လေးဟန် အပြန်လမ်းမှာ ဂရုစိုက်ပါ ”

ဟန်ကျိုးလီ မျက်ခုံးတွေ ပင့်တက်သွားသည်။
တွန့်တိုလှချေလား ဒီကောင်မလေး!!

“ မင်းက ဒီထိပဲ လိုက်ပို့မှာလား ”
သူမ မတုံ့ပြန်နိုင်ခင်မှာ လက်ကိုပါ လှမ်းဆွဲပြီး တင်းတင်းဆုပ်ထားလိုက်သည်။

လုမန် ဘယ်လိုရုန်းရုန်း မလွတ်ဘဲရှိနေ၏။

“ မဟုတ်ဘူး၊ ကျွန်မ ဒီတိုင်း ကြိုပြောတာပါ ”

“ အဟွန်း.. ဟုတ်လား ”
ယုံပါတယ်လို့ပြောမိရင် ဒါ လိမ်ညာတာပဲ..

ဒါပေမယ့် အသည်းမာသည့် လုမန်ကိုကြည့်ပြီး သူ ရင်နာလာသည်။

သူမကို အရင်သဘောကျမိတာ သူ့အမှား.. 

ဒီကောင်မလေး ဉာဏ်များတာကိုသိလိုက်သားနဲ့ သူ့ရင်ဘတ်ကြီး ပါသွားတာ..

သူ့ရယ်သံကြောင့် လုမန် အပြစ်ရှိသလို ခံစားရသည်။ သူ့ဆီကနေ ထွက်ပြေးချင်နေသော်ငြား သူ စိတ်ခုသွားမှာကို​တော့ ကြောက်၏။

“ သွားမယ် ”

သူကပဲ ပြောပြီး လက်ကနေ ဆွဲခေါ်သွားကာ လှေကားထစ်တွေအတိုင်း ဆင်းခဲ့ကြသည်။

ပြီးတော့ ကားပါကင်ဆီကို ဆက်လျှောက်၏။ လမ်းပေါ်မှာ မီးရောင်မှိန်မှိန်ပဲရှိသည်မို့ ရှေ့က လမ်းကိုပင် သဲသဲကွဲကွဲ မမြင်ရပေ။

“ လက်ကိုလွှတ်ပါ သခင်လေးဟန် ကျွန်မကိုယ့်ဘာသာလျှောက်နိုင်ပါတယ် ”
ထွက်​ပြေးတာမျိုးလည်း မလုပ်ပါဘူး...

ဒါပေမယ့် ဟန်ကျိုးလီက သူမပြောလိုက်တာကို မကြားသည့်ပုံနှင့် တစ်ခွန်းမှမပြော။

“ သခင်လေးဟန် .. သခင်လေးဟန် .. သခင်လေးဟန် .. ”

လုမန်က သူမလက်ကို လိမ်ဖည်ဆွဲထုတ်ယူရင်း ပါးစပ်ကလည်း အော်သည်။

ဟန်ကျိုးလီ မျက်ဝန်းတွေ မှေးကျဥ်းသွား၏။ ကြာတော့ “ သခင်လေးဟန် ” ဆိုတာကြီးဟာ နားထဲမှာ ခါးလာ၏။

ထိုမှစခဲ့သော အချစ်များစွာသည် जहाँ कहानियाँ रहती हैं। अभी खोजें