16

6.5K 863 29
                                    

Unicode

အခန်း ၁၆ ) ဒီနေ့တော့သွားခွင့်ပေးလိုက်ပါမယ် ဒါပေမဲ့ ထွက်ပြေးလို့တော့မရဘူးနော် နားလည်တယ်မလား

အသုံးချလို့ပြီးတာနဲ့ ထွက်သွားတော့မယ်ပေါ့ ဟုတ်လား

သူမကပဲ သူ့ကို မတရားအမြတ်ထုတ်ကာ အနိုင်ကျင့်ပစ်သလို ထိုသို့ ပြောခဲ့တာဖြစ်သည်။

လုမန် အားတင်းပြီး ခေါင်းညိတ်ကာ ရှင်းပြလိုက်သည်။

“ ဟုတ်ကဲ့ စောစောကအတွက် တကယ်ကို ကျေးဇူးတင်ပါတယ် သခင်လေးဟန်။ ဒါပေမယ့် ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်မတို့မိသားစုမှာ အမြင်မတူတာလေးတွေရှိနေလို့ ချက်ချင်း ပြန်ရှင်းမှဖြစ်ပါမယ် ”

ဟန်ကျိုးလီရဲ့အကြည့်က သိပ်ကို အန္တရာယ်များလွန်းတာကြောင့် လုမန် တုံ့ဆိုင်းမနေဝံ့ပေ။ သူက နှုတ်ဆိတ်စွာ ကြည့်နေသည် ဆိုသော်လည်း မျက်လုံးတွေနှင့် အရှင်လတ်လတ် မျိုချနိုင်သည့်ပမာ ခံစားနေရသည်။

ဟန်ကျိုးလီ ဘာမှမပြောနိုင်ခင် လုမန်က အမြန် လှည့်ထွက်လိုက်သည်။ သူ ဆွဲထားနိုင်မည့် အခြေအနေမျိုး ဖန်တီးပေးဖို့ အစီအစဥ်မရှိပါ။

တံခါးဆီကိုရောက်တာနှင့် လက်ကိုင်ဖုကိုကိုင်ပြီး ဖြည်းဖြည်းလှည့်လိုက်သည်။ 

သို့သော်လည်း တံခါးက နည်းနည်းသာပွင့်သေးသည်။ လက်တစ်ဖက်က သူမနားရွက်နားမှဖြတ်၍ တံခါးကို ဆောင့်ပိတ်ပစ်လိုက်၏။

“ ဝုန်း! ”
တံခါးသည် တစ်ဖန် ပြန်ပိတ်သွားချေ၏။

ထိုလက်ကလေး ဘယ်လောက်လှ​သလဲ၊ လက်ချောင်းလေးတွေ ဘယ်လောက်ရှည်သွယ်သလဲ လုမန် မခံစားလိုက်ရ၊ ချက်ချင်း ဆွဲလှည့်ခံလိုက်ရ၍ ဖြစ်သည်။ လူတစ်ကိုယ်လုံးသည် တံခါးမှာ ဖိကပ်ခံထားရလျက်။

လုမန် စကားပြောတော့မည် အလုပ်မှာ ဟန်ကျိုးလီက သူမနှုတ်ခမ်းတွေကို အတင်းနမ်းပစ်၍ ချိတ်ပိတ်လိုက်သည်။ ပြင်းပြင်းထန်ထန်မို့လည်း သူမ အသက်ရှူကျပ်ရ၏။

သူမရဲ့လက်နှစ်ဖက်စလုံး နှောင်ဖွဲ့ခံထားရသလို လူကလည်း သူ့ရင်ခွင်ထဲပိတ်မိလျက်သားမို့ တွန်းပစ်ဖို့ကြိုးစားလည်း အချည်းနှီးသာဖြစ်သည်။

ထိုမှစခဲ့သော အချစ်များစွာသည် Where stories live. Discover now