161 ~ 165

1.7K 134 3
                                    

(Unicode)

အခန်း [ ၁၆၁ ]

“ ဟုတ်တယ် ”
အစ်ကိုကျန်းက အစ်မလိစကားကိုထောက်ခံ၏။ 
“ ကျွန်တော်တောင် အဲ့ဒီလိုမစဥ်းစားတတ်ဘူး ”

“ ကျွန်တော်ရောပဲ ”
ချန်ရှီးမြန်ကလည်း သဘောတူသည်။

အစ်မလိသည် ရှမုံ့ရွှမ်းနှင့် ယဲ့ရှောင်ရှင်းကိုတစ်ချက်ကြည့်လိုက်ကာ ရယ်၏။
“ အရိုးသားဆုံးဝန်ခံရရင် မုံ့ရွှမ်းနဲ့ရှောင်ရှင်းကို ကျွန်မကိုယ်တိုင်ထရိန်းပေးခဲ့တာ ဒီဟာနဲ့ သူတို့ကို စမ်းသပ်မယ်ဆိုရင် ဘယ်လိုပုံစံထွက်လာမယ်ဆိုတာကို ကျွန်မသိတယ်၊ ဒါပေမဲ့ အဲ့ဒါက လုမန်ဒီဇိုင်းဆွဲထားတာထက်တော့ ပိုကောင်းမှာမဟုတ်တာသေချာတယ်၊ လုမန်ရဲ့အဆိုပြုလွှာကကျတော့ ရင်အေးစရာမျိုးပါ၊ အရင်က PR ဌာနမှာ ဒီလိုအဆိုပြုလွှာမျိုး တင်ပြဖူးတာ မရှိသေးဘူး ”

အစ်မလိ၏ သုံးသပ်ချက်သည် ကောင်းမွန်လိလိဟု ဆိုနိုင်ပေသည်။

ထိုအခိုက် ယဲ့ရှောင်ရှင်းနှင့် ရှမုံ့ရွှမ်းတို့၏ မျက်နှာပေါ်တွင် ခေါင်းမာခြင်း မကျေနပ်ခြင်းတွေ ဖြစ်ပေါ်လာသော်လည်း ချေပခွင့်ရမည်ဆိုလျှင်ပင် အစ်မလိကိုတော့ သူတို့မချေပနိုင်ပေ။

လုမန် ချီးကျူးခံလိုက်ရသဖြင့် ဟန်ကျိုးလီတစ်ယောက် ပိုပြီးတော့ ဂုဏ်ယူမာန်တက်သွားကာ ခန္ဓာကိုယ်လေးကို ဆန့်တန်းနေတော့သည်ပင်။

“ သိုက်ယီးရန်ရဲ့ပြုမူပုံနဲ့ပတ်သက်ပြီးပြောပြရင် ကုမ္ပဏီက အဲ့ဒီလိုကိစ္စမျိုးကို လုံးဝ ချမ်းသာခွင့်လွှတ်မပေးနိုင်ဘူး ”
ဟန်ကျိုးလီက သိုက်ယီးရန်ကို ကြည့်ကာ..
“ ဒီနေ့ခင်းမှာ မင်းကိုယ်တိုင်နုတ်ထွက်စာရေးပြီး လာတင်ပါ မဟုတ်ရင် ကုမ္ပဏီအနေနဲ့ မင်းကို အလုပ်ထုတ်ရလိမ့်မယ် ”

ချက်ချင်းပင် သိုက်ယီးရန်မျက်နှာ ရဲတွတ်သွားလေ၏။ သူမ အရင်က ဒီလောက်ထိ အရှက်တကွဲ မဖြစ်ဖူးဘူး!..

လူသတ်ချင်သလို မုန်းတီးသော မျက်ဝန်းတွေနှင့် လုမန်ကို စူးစိုက်ကြည့်လိုက်သည်။

ဒါ သူမကို ကစားသွားတာပဲ! 

လုမန်ကြောင့်သာမဟုတ်ရင် ခုလိုအရှက်တကွဲအကျိုးနည်းဖြစ်ရမှာမဟုတ်ဘူး!

ထိုမှစခဲ့သော အချစ်များစွာသည် Where stories live. Discover now