47

5.2K 657 3
                                    

(Unicode)

အခန်း ၄၇ ) ဖုန်းနံပါတ်ပေးပါ

ဒါပေမဲ့လည်း အားလုံး အဆင်ပြေနေပါသေးသည်။

လူနာခန်းထဲသို့ ရှချင်းဝေနောက်မှ လုမန် လိုက်သွားလိုက်သည်။ အန်တီချိုင်နှင့် ဝူကျိကော်ကလည်း အခန်းထဲတွင်ရှိနေကြကာ ရှချင်းဝေအတွက် ရင်လေးနေကြသည်။

ကနဦး၌ အန်တီချန်နှင့် ဝူကျိကော်သည်လည်း ခွဲစိတ်ခန်းအပြင်တွင် စောင့်နေခဲ့ကြသည်။ သို့သော် အန်တီချိုင်ကိုယ်၌က လူနာဖြစ်နေ၍ လုမန်က မစောင့်စေချင်တာကြောင့် ဝူကျိကော်ကို ပြန်ခေါ်သွားခိုင်းလိုက်ပါ၏။

ဝူကျိကော်ကလည်း သိပါသည်။ သူတို့ရှိနေရင် အကူအညီဖြစ်လိမ့်မှာမဟုတ်၊ သူတို့အတွက်ပါ လုမန် ပူနေရလိမ့်မည်။

သူမက ရှချင်းဝေအတွက် စိတ်ပူနေရသည့်အပြင် သူတို့​အတွက်ပါ ပူနေရလျှင် မကောင်း။ ထို့ကြောင့် လူနာခန်းသို့သူတို့ပြန်သွားခဲ့လိုက်၏။

ထိုအချိန်တွင်ပဲ အခန်းထဲသို့ ရှချင်းဝေကို တွန်းလာသည်ကို တွေ့လိုက်ရကာ လုမန်ကလည်း အနောက်မှကပ်လိုက်လာသည်။

“ လုမန် သမီးမေမေ အဆင်ပြေလား ”

“ ခွဲစိတ်မှုက အောင်မြင်ပါတယ် အန်တီ..။ အန်တီနဲ့ ဦးလေးဝူကို တကယ် ကျေးဇူးတင်ပါတယ်။ အန်တီတို့နှစ်ယောက်​ရှိနေလို့သာ မဟုတ်ရင် ကျွန်မတစ်ယောက်တည်း ဒါကို ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး။ မေမေ့ကြောင့်လဲ အန်တီတို့ ဒုက္ခများခဲ့ရမှာပဲ ”

“ မဟုတ်တာကွယ် ”
အန်တီချိုင်က လက်ကိုခါသည်။
“ ဒါက ဆေးရုံလေ...အန်တီတို့ကို ဒုက္ခမပေးခဲ့ပါဘူး။ ပြီးတော့ အန်တီတို့ကလဲ သိပ်ပြီးအကူအညီမဖြစ်စေခဲ့ပါဘူး ”

“ အဲ့လိုမပြောပါနဲ့ အန်တီချိုင်နဲ့ ဦးလေးဝူက တကယ်ကို အများကြီး အကူအညီဖြစ်ခဲ့တာပါ။ ကျွန်မကြောင့် နှစ်ယောက်လုံးလည်း ပင်ပန်းသွားရပြီ။ အန်တီချိုင် ပင်ပန်းရင် သွားနားလိုက်ပါနော် ”

“ အေး ”
အန်တီချိုင်က ပင်ပန်းစွာ သမ်းဝေခြင်းပြု၏။
“ သမီးအမေသက်သာပြီဆိုတော့ အန်တီစိတ်အေးသွားပြီ.. တစ်ရေးလောက်အိပ်လိုက်ဦးမယ်။ တစ်ခုခုဆို ဦးလေးဝူကို အားမနာဘဲ အကူအညီတောင်းနော် ”

ထိုမှစခဲ့သော အချစ်များစွာသည် Where stories live. Discover now