73

3.9K 437 5
                                    

အခန်း [ ၇၃ ]

ထို့ပြင် ထိုအင်တာဗျူးကိုသာ သွားမဖြေပါက သူမ အလုပ်လက်မဲ့ ဖြစ်သွားလိမ့်မည်။

အလုပ်ရသွားသည်ပဲထားဦး ကုမ္ပဏီသည် အကြီးကြီးမို့ ဟန်ကျိုးလီ သူမကို သတိထားမိမည် မဟုတ်ပေ။

ပြီးတော့ သူမဆီမှာ သူလိုချင်တာတွေရှိမယ်လို့လည်း မထင်ပါဘူး။

“ ဟုတ်တယ်..ဟန်ကော်ပိုရေးရှင်း.. PR ဌာနက ဝန်ထမ်းခေါ်နေတာ..ပုံမှန်ဆိုရင်တော့ ငါလည်း သူတို့နဲ့ အလုပ်လုပ်ရတယ် ”

အချို့အနုပညာရှင်များ၏ ကောလာဟလများ လူထုထံမရောက်ရှိခင် သူတို့ရဲ့စီမံခန့်ခွဲရေးကုမ္ပဏီတွေမှ PR ဌာနဟာ စည်းကမ်းသတ်မှတ်ချက်တွေ ဆွေးနွေးဖို့အတွက် ထန်းကျိနှင့် ဆက်သွယ်ရလေသည်။ 

တစ်ခါတလေ PR ဌာနက တုံ့ပြန်မှု နောက်ကျပြီး သူ့ဘက်က သတင်းတွေလွှင့်ပြီး ဖြစ်သွားသလိုတွေရှိခဲ့ပေမယ့်လည်း နောက်တော့ သူ့ကို ဆက်သွယ်ကြတာပဲဖြစ်သည်။

ထို့ကြောင့် ထန်းကျိသည် ကုမ္ပဏီတိုင်း၏ PR ဌာနနှင့် တော်တော်လေး အကျွမ်းတဝင်ရှိလှ၏။

“ အဲ့ဒီက PR ဌာနမန်နေဂျာနဲ့ ငါနဲ့ ရင်းနှီးတယ်၊ သူတို့လူခေါ်နေတာသိလို့ နင့်အတွက် ပြောထားပေမယ့် ငါဒီထိပဲ ကူညီလို့ရတယ်၊ ကျန်တာတော့ နင့်ဟာနင်လုပ်ရမှာ အလုပ်ရမရဆိုတာရောပေါ့။ ဒါပေမယ့် ဟန်ကော်ပိုရေးရှင်းကိုတော့ နင့်အဖေအာဏာစက်မထိရောက်ဘူး၊ ဒါပေမဲ့ နင့်ဖို့ အခွင့်အရေးတွေတိုးအောင် လုချီကို နင်ဘာတွေလုပ်ခဲ့တယ်ဆိုတဲ့အကြောင်း ငါ ​သူတို့ကို ပြောပြလိုက်တယ်၊ ဘာပဲဖြစ်ဖြစ် အဲ့ဒါ နင့်စိတ်ကူးတွေပဲလေ၊ နင့်ဦးနှောက်ကကောင်းတော့ PR ဌာနမှာ နင် အဆင်ပြေမှာပါ၊ ငါပြောပြလိုက်တာတွေအတွက် စိတ်ထဲမထားဘူးမို့လား ”

“ ရပါတယ် .. နင်လုပ်တာငါကောင်းဖို့အတွက်ပဲဥစ္စာ .. ငါက လက်ထောက်ပဲ လုပ်ဖူးတော့ အဲ့ဒီအလုပ်မျိုးတွေမှာ အတွေ့အကြုံရှိတာ မဟုတ်ဘူး .. နင်သာ မပြောပြရင် သူတို့တွေ ငါ့ကို အင်တာဗျူးဖို့ ထည့်စဥ်းစားမှာ မဟုတ်ဘူး ”

“ စိတ်ချစမ်းပါ၊ ဒီအကြောင်းတွေကို ပြန်မပြောဖို့ ငါသူတို့ကို မှာထားပြီးသားပါ၊ သူတို့ကိစ္စတွေကိုလည်း ငါ မဝေဖန်ဘူး၊ သူတို့လည်း သူတို့ကတိကို တည်ကြမှာပါ ”

ထိုမှစခဲ့သော အချစ်များစွာသည် Where stories live. Discover now