89

3.1K 383 1
                                    

အခန်း [ ၈၉ ]

ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ.. ချူထျန်းထုတ်ကုန်တစ်ခုက အဲ့လောက် စျေးမပေါဘူး..

ထုပ်ပိုးမှုပုံစံကို ကြည့်ရုံနဲ့ ဒါကို သိသည်။

“ မန်မန်ဟာလေ .. မင်း ဒီလောက် ဂရုစိုက်တာကို အန်တီ့ကို ပြောပြရကောင်းမှန်း မသိတတ်ဘူး .. ခုက အန်တီဆေးရုံတက်နေတုန်းဆိုတော့ အဆင်မပြေဘူးကွဲ့ .. နောက် ဆေးရုံဆင်းတော့မှ အန်တီ့အိမ်မှာ ထမင်းလိုက်စားရမယ်နော် ”

လုမန်ကို ဆူပူကြိမ်းမောင်းသလို အသံနဲ့ပေမယ့် မျက်လုံးတွေက ပြုံးနေသည်။

နောက်တစ်ခုခုလည်း ရှိနေသလိုပါလား..

“ ဟုတ်ကဲ့ပါ ”
ဟန်ကျိုးလီက ဝမ်းသာစွာ ခေါင်းညိတ်၏။

ကြည့်နေတုန်း မတ်တပ်ထရပ်လိုက်တာကြောင့် အရပ်ကြီး မိုးထိုးနေတာကို ခံစားမိလိုက်သည်။

ဘေးမှာရပ်နေရင်း လုမန် သိမ်ငယ်သွားသလိုလို၊

“ အန်တီ .. ကျွန်တော် .. နေ့လယ်စာ စားချိန်နားတုန်းမှာ ဒီကို ဝင်ခဲ့တာ .. ခု အလုပ်ကို ပြန်သွားရတော့မယ် .. အကြာကြီးမို့ နှောင့်ယှက်သလိုဖြစ်သွားခဲ့ရင် တောင်းပန်ပါတယ် .. နောက်လည်း လာတွေ့ပါဦးမယ် ”

ဟန်ကျိုးလီနေထိုင်ပြောဆိုပုံတွေ ဣန္ဒြေရရရှိ၍ ရှချင်းဝေ အထင်ကြီးနေ၏။

“ ဟုတ်ပါ့ .. အလုပ်က ပိုအရေးကြီးတာပေါ့ .. သွားလေ .. အန်တီဆေးရုံဆင်းရင်တော့ အိမ်ကို လာခဲ့ရမယ်နော် ”

ရှချင်းဝေပြုံးနေတာ မျက်လုံးတွေမှေးကုန်သည်အထိ။ ထိုမျက်လုံးတွေဟာ ဟန်ကျိုးလီဆီကနေ နည်းနည်းလေးတောင် အကြည့်မလွှဲပေ။ 

“ မန်မန် ရှောင်ဟန်ကို လိုက်ပို့လိုက်ဦး .. ”

ရှချင်းဝေကို နှုတ်ဆက်ပြီးသည့်နောက် လုမန် ဟန်ကျိုးလီကို အပြင်လိုက်ပို့သည်။

တံခါးမှာ ကျိုးချန်နှင့် ရွှီဟွေ့က ဆန့်ဆန့်ကြီး ရပ်နေကြတုန်း။

“ သခင်လေးဟန် ”

ဟန်ကျိုးလီ ခေါင်းညိတ်လိုက်ရင်း
“ နှစ်ယောက်လုံး တာဝန်ကျေပါတယ် ”

ထိုမှစခဲ့သော အချစ်များစွာသည် Where stories live. Discover now