96

2.8K 285 0
                                    

အခန်း [ ၉၆ ]

ရှချင်းဝေက အကြာကြီး ငြိမ်သက်နေပြီးမှ..

" ဟုတ်ပါတယ် .. အမေတို့တွေ ရွံစရာကောင်းတဲ့ယောက်ျားတွေနဲ့ ဆုံခဲ့ကြတယ် .. ဒါပေမယ့် အဲ့လိုဆိုတိုင်း ယောက်ျားတွေအားလုံး ဒီလိုချည်းပဲလို့ တထစ်ချ ပြောလို့မရဘူး သမီး .. မေမေက သမီးကို တခြားတစ်ယောက်ကို အားကိုးခိုင်းနေတာမဟုတ်ဘူး .. သူတစ်ပါးကစားစရာလုပ်သွားမှာကိုလည်း မလိုချင်ဘူး .. အချစ်ဆိုတဲ့အရာကို သမီး အစွဲလို့ထင်ပြီး ထွက်ပြေးနေမယ့်အဖြစ်ကို မလိုချင်တာ .. တို့နှစ်ယောက်လုံး ယုတ်ညံ့တဲ့ယောက်ျားတွေနဲ့ ဆုံခဲ့ကြတာနဲ့ပဲ ယောက်ျားတွေအားလုံးကို ရှောင်စရာမလိုပါဘူး .. အဲ့ဒါတွေကို ခေါင်းထဲကဖယ်ထုတ်ပြီး တစ်ယောက်ယောက်ကို လက်ခံသဘောကျကြည့်ဖို့ သမီးရဲ့နှလုံးသားတံခါးကို ဖွင့်ပေးစေချင်တာ .. အမေက သမီးနဲ့အတူ တစ်သက်လုံး မနေပေးနိုင်ဘူးနော် .. အခု အမေရှိနေတုန်းမို့ ငါ့သမီးလေး နောက်တစ်ယောက် မရှာချင်လည်း ဖြစ်တယ် .. ဒါပေမယ့် အမေ မရှိတော့တဲ့အခါ သမီးတစ်ယောက်တည်းကျန်ခဲ့ရမှာ .. အဲ့ဒီအတွက် အမေ ဘယ်လိုများ စိတ်​ဖြောင့်နိုင်မှာလဲ .. မကျေနပ်ဖို့တွေရှိလာရင် ရင်ဖွင့်တိုင်ပင်ဖို့ တစ်ယောက်တော့ လိုတယ် .. ဒုက္ခကြုံတဲ့အခါ ကိုယ့်အနားမှာနေပြီး လက်ကလေးကိုင် အားပေးစကားတွေပြောပေးမယ့် အဖော်ဆိုတာ ရှိမှ.. "

" မေမေ တော်တော့ .. မေမေ့ရဲ့ခန္ဓာကိုယ်က ကောင်းလာဖို့ပဲရှိတဲ့ဟာ .. ဘာလို့ ကျန်ခဲ့မယ် ထားခဲ့မယ်ဆိုတာတွေချည်း ပြောနေတာလဲ! နောက်ကို အဲ့ဒါတွေ မပြောပါနဲ့ .. "

" အေးပါ အေးပါ .. မပြောတော့ပါဘူးအေ "
ရှချင်းဝေ စည်းရုံးရေး မဆက်ဖြစ်တော့ပေ။ လွန်ကဲသွားရင် လုမန် စိတ်အနှောင့်အယှက်ဖြစ်သွားမှာလည်း ကြောက်ရသည်။

***

တနင်္လာနေ့တွင် လုမန် ဟန်ကော်ပိုရေးရှင်းသို့ သွားလိုက်သည်။

အလုပ်ဝင်ဖို့ လိုအပ်တာတွေ လုပ်ဆောင်ပြီးတာနှင့် PR ဌာနမှာ ယိုလီလီကို သွားရှာလိုက်၏။

" တို့နောက်ကိုလိုက်ခဲ့ "

မျက်နှာတည်တည်တင်းတင်းကြီးနှင့် ယိုလီလီက အရင်တစ်ခါလို သဘောမကောင်းတော့ပေ။

ထိုမှစခဲ့သော အချစ်များစွာသည် Where stories live. Discover now