44

6.3K 787 9
                                    

《Unicode》


အခန်း ၄၄ ) ​မြေခွေးမလေး .. ဟန်ကျိုးလီ တိုးတိုးဖွဖွရယ်သွမ်း

လုမန် မျက်လွှာပင့်ပစ်လိုက်ကာ
“ ပြီးခဲ့တဲ့တစ်ခေါက်မှာ သခင်လေးဟန်ပြောသွားတာတွေက အများကြီးပဲ။ ကျွန်မ တကယ် မမှတ်မိတော့ဘူး ”

ပြောပြီးပြီးချင်း ခြေတစ်လှမ်းဆုတ်ပစ်လိုက်ကာ သွက်သွက်ရှေ့ဆက်သွားလိုက်သည်။

သူ့ကိုပေးသွားတဲ့ အကြည့်ကလည်း မရိုးမသားနဲ့လေ...

မြေခွေးမလေးလို့ စိတ်ထဲကနေ ခေါ်ဆိုပစ်ရင်း ဟန်ကျိုးလီက တိုးတိုးဖွဖွ ရယ်သွမ်းပစ်ကာ သူမနောက်ကို ခြေလှမ်းကျဲတွေနှင့် လိုက်သွားလိုက်သည်။

ရှချင်းဝေက ခွဲစိတ်ကုသဖို့တန်းလန်းမို့ တခြားကိစ္စတွေကို လုမန် ဂရုမစိုက်နိုင်..

ထို့ကြောင့်ပဲ ဟန်ကျိုးလီကလည်း မဆိုင်တာတွေပြောပြီး ထပ်မံနှောင့်ယှက်ခြင်း မပြု..

ထိုစဥ် သူတို့အနောက်မှ ပါလာသည့် ထန်းကျိက လုမန်နဲ့ဟန်ကျိုးလီကို တစ်လှည့်စီ ကြည့်လိုက်ပေမယ့် သပွတ်အူလိုက်နေတုန်းဖြစ်၏။
အဲ့ဒီနှစ်ယောက်ရဲ့ဆက်ဆံရေးက ဘာလဲ ?

လုမန်က ဟန်ကျိုးလီနဲ့ ဘယ်တုန်းက ရင်းနှီးသွားရတာလဲ ?

ကြွားတာမဟုတ်ပေမယ့် သူက လုမန်နဲ့ ရင်းနှီးတယ်ဆိုတဲ့ ဆက်ဆံရေးမှာ.. သူ့ကို ဖုံးထားတာလည်းမရှိ..

ဆိုတော့ ဟန်ကျိုးလီနဲ့ အခြေအ​နေက ဘယ်လိုကြီးလဲ။

ထန်းကျိက သတင်းထောက်ဖြစ်လို့ ဟန်ကျိုးလီကို သိသည်။

ပြောစရာမလိုအောင် သာမန်လူတွေထဲမှာလည်း ဟန်ကျိုးလီကို မသိသည့်လူက ရှား၏။

ဟန်ကျိုးလီက ဟန်ကော်ပိုရေးရှင်းကို စီမံသည်။ ဟန်ကော်ပိုရေးရှင်းဆိုသည်က အနုပညာလုပ်ငန်းကို စိုးမိုးခြယ်လှယ်နေသော ကုမ္ပဏီကြီးတစ်ခုဖြစ်ကာ ပြည်တွင်းရုပ်ရှင်တွေနှင့် တီဗွီရှိုးတွေရဲ့ ၇၀ ရာခိုင်နှုန်းလောက်ကို ထုတ်လုပ်နေတာဖြစ်သည်။ ကျန်ရှိနေသော ၃၀ ရာခိုင်နှုန်းမှာလည်း ဟန်ကော်ပိုရေးရှင်းက ရင်းနှီးမြှုပ်နှံမှုပြုထားလေ၏။

ထိုမှစခဲ့သော အချစ်များစွာသည် Where stories live. Discover now