58

3.9K 490 0
                                    

(Unicode)

၅၈။ [ ဒါမှ အနိုင်ကျင့်တာမဟုတ်ရင် ဘာက အနိုင်ကျင့်တာလဲ ]

“ ကျေးဇူးတင်လိုက်တာရှင်..ဆရာမတို့အားလုံးကိုတာဝန်ပိုတွေပေးမိပါပြီ ”
ဟု ဆိုလာသည့် လုမန်မျက်နှာတွင် ကျေးဇူးတင်ရှိခြင်းများစွာဖြင့် ပြည့်လွှမ်းလျက်။

ဖအေက အနိုင်ကျင့်လိုက်၊ မိထွေးက အနိုင်ကျင့်လိုက်နှင့် လုမန်ဘယ်လောက်သနားစရာ​ကောင်းသည်ကို သူနာပြုတွေမြင်ခဲ့ပြီးဖြစ်သည်။ သို့ပေမယ့် သူမလေးက ဆေးရုံအတွက် တာဝန်ပိုဒုက္ခတွေဖြစ်ရမည်ကို ပို၍ စိုးရိမ်နေသည်ကြောင့် စိတ်ဓာတ်မာကြောင်းပါ သိလိုက်ရ၏။

ဒါသည် လုမန်၏ အိမ်တွင်းရေးဖြစ်ကာ သူမဝင်စွက်ဖက်၍ မသင့်သော ကိစ္စ ဖြစ်​နေသဖြင့် လုမန်ကို တခြားနည်းဖြင့်သာ ကူညီနိုင်ပေမည်။

“ ဘာမှပြောပလောက်စရာမရှိပါဘူးကွယ်..တို့ကသူ့ကိုဆူပူသောင်းကျန်းခွင့်ပေးလိုက်ရင် ကျန်ရှိနေတဲ့လူနာတွေပါ အနှောင့်အယှက်ဖြစ်ရမယ် မဟုတ်လား ”

လုချီယွမ်က ဒါကိုကြားတော့ ဒေါသထောင်းခနဲထသွားသည်။

သူ့ကို ဘယ်လိုလူမျိုးမှတ်နေသလဲ!

ဒါပေမယ့်လည်း ကျိုးချန်က ချိုးနှိမ်ထား၍ သူ ဘာမှ မဆိုနိုင်လိုက်။

ကျိုးချန်နှင့် ရွှီဟွေ့က လုချီယွမ်ကို ဆေးရုံပင်မတံခါးသို့ ဆွဲခေါ်သွားပြီးမှ လွှတ်ပေးလိုက်ကြသည်ကို လုမန် ကြည့်နေလိုက်၏။ လုချီယွမ်မှာ တစ်ကိုယ်လုံး ဖိုသီဖတ်သီနှင့် ဆံပင်တွေကရှုပ်ပွနေကာ အဝတ်အစားတွေက ​တွန့်ကြေနေ၏။ ဘယ်လိုကြည့်ကြည့် ကုမ္ပဏီတစ်ခုက သူဌေး ဟု ယုံရက်စရာမရှိပေ။ 

သူသည် လုမန်ကိုလက်ညိုးငေါက်ငေါက်ထိုးကာ ဆဲဆိုချင်သော်ငြားလည်း သူ့ဂုဏ်သိက္ခာကို ဂရုစိုက်ရသေးသည်မို့ လူသူများသော လမ်းလယ်ခေါင်မှာတော့ မဖြစ်လေစွ။

သူ့ကို ဂရုမစိုက်တော့ဘဲ လုမန်က ဆေးရုံသို့ ပြန်လှည့်ဝင်သွားသည်။

လူနာဆောင်ထဲသို့ ပြန်ရောက်သောအခါ နာ့စ်က ရှချင်းဝေ၏ ဒဏ်ရာကို စမ်းသပ်စစ်ဆေးပြီးပြီ။

ထိုမှစခဲ့သော အချစ်များစွာသည် Where stories live. Discover now