59

3.9K 485 0
                                    

(Unicode)

၅၉။ [ ဟန်ကျိုးလီကို ကျေးဇူးတင်စကားပြောကိုပြောရမယ် ]

“ နှစ်ယောက်လုံးရေသောက်ပါဦးလား ”
လုမန်က ရေခွက်တစ်ခွက်စီပေးလိုက်ကာ
“ ဒီမှာတစ်ချိန်လုံးနေပြီး အားလုံးအဆင်ပြေအောင်စောင့်ကြပ်ပေးရတာခက်ခဲမှာပါနော်.. ရေသောက်ချင်တာတို့ သန့်စင်ခန်းဝင်ချင်တာတို့ဆိုရင်တောင် လွယ်လွယ်ထွက်သွားလို့မရဘူး ”

သူတို့ရေဆာနေသည်မှာအမှန်ဖြစ်၍ မငြင်းဘဲ ပေးသည့်ရေခွက်ကိုယူကာ တစ်ကျိုက်တည်းမော့သောက်ပစ်လိုက်သည်။

လုမန်က ထပ်ယူပေးမည်ပြင်တော့ သူတို့က တစ်ခွက်ဖြင့် လုံလောက်ပါပြီ ဟု ဆိုကာ တားခဲ့၏။

“ မေးပါရစေနော်..သခင်လေးဟန်ကဘာလို့ဒီလိုတွေလုပ်ပေးတာတဲ့လဲ? ”

လုမန်မေးလိုက်တော့ ကျိုးချန်က ခေါင်းခါ၏။

“ ကျုပ်တို့လည်းမသိပါဘူး သခင်လေးဟန်က စိတ်ချရအောင် ဒီမှာနေခဲ့ပြောလို့ ဒီမှာကျန်ခဲ့ပြီး မိန်းကလေးနဲ့ မိခင်ဖြစ်သူကို စောင့်ရှောက်ပေးနေတာပါ၊ တခြားတော့မေးလို့မရပါဘူး ”

“ ဟုတ်ကဲ့ ”
လုမန်က နှုတ်ခမ်းတစ်ချက်သပ်လိုက်ကာ..
“ ကျွန်မကတော့ မာရေ​ကျောရေနဲ့ ရှင်တို့အကူအညီမလိုဘူးလို့ ပြောလွှတ်မယ့်သူမျိုး မဟုတ်ပါဘူး..ဒီနေ့လိုပဲ ရှင်တို့နှစ်ဦးသာမရှိခဲ့ရင် ကျွန်မတစ်ယောက်တည်းဖြေရှင်းနိုင်မှာမဟုတ်တာကြောင့် နောက်ကိုလည်း ဒီမှာ စောင့်ကြပ်ပေးဖို့ ဒုက္ခပေးရပါဦးမယ် ”

“ ရတာပေါ့ ကိစ္စမရှိပါဘူး ”
ကျိုးချန်က ခုမှ စိုးရိမ်ဝန်တွေပေါ့သွားပြီ ဟူသော အပြုံးဖြင့် ပြုံးသည်။
“ တို့က တွေ့သွားရင် နှင်ထုတ်မလားဆိုပြီး တွေးပူနေတာ ”

“ ..ကျွန်မအဲ့လောက်မထုံပါဘူးရယ် လက်ရှိအခြေအနေကိုလည်း အရှင်းကြီးနားလည်တယ်၊ အခု ရှင်တို့နှစ်ယောက်လည်း ပုန်းနေဖို့ မလိုတော့ဘူးဆိုမှတော့ ဘာလို့ လူနာဆောင်ထဲကို မဝင်တာလဲဟင်.. ”

“ ဟာ..မဟုတ်တာ..ဆေးရုံက လူနာခန်းတွေကကျယ်တာမဟုတ်ဘူး၊ တို့တွေဝင်သွားရင် ကျပ်သိပ်ပြီး အဆင်မပြေလည်းဖြစ်ရမယ်၊ ဒီမှာပဲ ထိုင်နေပါမယ် လူလာရင်လည်း ချက်ချင်းတန်းသိရတာပေါ့ ”

ထိုမှစခဲ့သော အချစ်များစွာသည် Where stories live. Discover now