70 + Paid Group Details

5.5K 447 14
                                    

၇၀။ [ ရှချင်းဝေဆေးဖိုးဝါးခတွေမပေးနိုင်တော့ရင် တို့စကားကို သူ နားထောင်လာရမှာပဲ! ]

ရှချင်းယန်က စိတ်ပျက်သွားတဲ့ မျက်နှာလေးနဲ့
" စိတ်တိုစရာပဲ .. ချီယွမ် ရှင် ကျွန်မအဆိုးမဆိုတော့နဲ့ .. ကျွန်မ သူ့ကို ဘာမှမလုပ်ခဲ့ပါဘဲနဲ့ သူက ဘာလို့ ဒီလို လုပ်ဖို့ ကြံစည်ရတာလဲဟင် .. ဘာလို့ ဒီလောက်တောင် ယုတ်မာရတာလဲ! ခုကစပြီး သူ့ကို သမီးအဖြစ် မသတ်မှတ်တော့ဘူး! "

" သူက စပြီး တို့တွေကို မိသားစုလို့ သတ်မှတ်ခဲ့တာမှမဟုတ်ဘဲ .. မင်းကို အပြစ်မတင်ပါဘူး .. "
လုချီယွမ် တွေးလေ ဒေါသထွက်လေမို့ လက်ဖက်ရည်ခွက်ကို ပန်းကန်ပြားလေးပေါ်ဆောင့်ချပစ်လိုက်သည်။
" ခု သူ အရွယ်ရောက်လာပြီ .. လုပ်ချင်တာကို လုပ်တယ် .. အဖေဖြစ်တဲ့ ငါတောင် တားလို့မရဘူး .. အဲ့ဒီကလေး တကယ်ကို ပါးနပ်လာတယ် .. ဒီနေ့ မင်းကို လုပ်ကြံရင် မနက်ဖြန်မှာ ငါ့ကို လုပ်ကြံနိုင်တယ် .. အဲ့ဒီဟာမလေးက တို့တွေကို မိသားစုလို့ကို မသတ်မှတ်ခဲ့တာ! ရှချင်းဝေကတော့ သူ့ကို ရတနာထုပ်ကြီးလိုပဲ .. မြင်ချင်သေးတယ် .. လုမန်နဲ့သာနေရင် ရှချင်းဝေ ဘယ်လိုနိဂုံးချုပ်သွားမလဲ "

" ဒီတစ်ခါတော့ တကယ်​လွန်တာနော်.. တို့တွေက သူ့ကို မိသားစုလို သဘောထားခဲ့ပေမယ့် သူကတော့ ဆန့်ကျင်ဘက်ပဲ .. လုမိသားစုရဲ့သခင်မလေးအဖြစ် ပြုစုပျိုးထောင်ပေးထားခဲ့တာတွေ ဘယ်မလဲ .. အားလုံး အလကားပဲ .. သူများတွေမှာတော့ ဘွဲ့ရပြီး အလုပ်လက်မဲ့ဖြစ်နေမှာကို စိုးရိမ်နေကြရတာ .. သူ့ကျတော့ရော .. သူဘွဲ့မရသေးတာတောင်မှ တို့တွေက ကုမ္ပဏီမှာ အလုပ်တစ်ခု စီစဥ်ပေးခဲ့တာပဲ "
ရှချင်းယန် ဤသို့ အရှက်မရှိစွာ ဆို၏။

လုမန်ကို အတင်းကျောင်းထွက်စေခဲ့တာ သူမနဲ့ လုချီယွမ်ပဲဖြစ်ပေမယ့် ခုကျတော့ လှီးလွဲပြောနေပြန်သည်။ ဘွဲ့မရခင် အလုပ်ပေးသတဲ့..။

ကုမ္ပဏီမှာ လုချီလက်ထောက်လုပ်ရတာက အစေခံလုပ်ခိုင်းတာနဲ့ ဘာမှမခြား။

ခုနေ လုမန်သာ ဒီမှာရှိနေရင် သူမပါးနှစ်ဖက်ကို လွှဲရိုက်မိမှာပင်။

ရှချင်းယန်က လိုချင်သလိုပြောယူတတ်၏။

" ကျေးဇူးကန်းတဲ့ကောင်မ အလကားကောင်မ "
လုချီယွမ် ဒေါသဖြင့် ဆိုဖာကို ထုရိုက်ပစ်သည်။

ထိုမှစခဲ့သော အချစ်များစွာသည် Where stories live. Discover now