166 ~ 170

1.7K 146 6
                                    

(Unicode)

အခန်း [ ၁၆၆ ]

သူမသည် ဝန်ကြီးသိုက်၏ သမီးဖြစ်နေလျှင်ပင် ဟန်ကော်ပိုရေးရှင်းမှ အလုပ်ထုတ်ခံလိုက်ရသည်နှင့် အကျိုးသက်ရောက်မှုက ကောင်းမည်မဟုတ်တော့သလို နောက်ပိုင်း ဘယ်ကုမ္ပဏီကိုသွားသွား သူမ၏ ကိုယ်ရေးအကျဥ်းဖိုင်ကို ကောက်ကြည့်တော့မည် မဟုတ်ပေ။

သိုက်ယီးရန် ထိပ်ဆုံးထပ်ကို ပြေးသွားလိုက်ပြီး တံခါးကိုတွန်းဖွင့်ကာ ဟန်ကျိုးလီရုံးခန်းထဲကို ဝင်သွားချင်သည်။

သို့သော်လည်း အရင်အမှားကနေ သင်ခန်းစာရထားပြီးသည့် အတွင်းရေးမှူးဌာနကလူတွေမှာ ခုတစ်ခါတော့ သိုက်ယီးရန်ကို ဝင်ခွင့်မပေးရဲတော့သဖြင့် ပျာပျာသလဲ တားလေတော့၏။
“ မိန်းကလေးသိုက် သူဌေးက အခု ရုံးခန်းထဲမှာ အစည်းအဝေးလုပ်နေပါတယ် ”

“ ဖယ်စမ်း! ”
သိုက်ယီးရန်က လာတားသည့် ယန်ဖန်းချီကို တွန်းလွှတ်သည်။

ဒေါသတွေကြောင့် ခွန်အားတွေကြီးလာသလား မသိ..

တံခါးကို အားပြင်းပြင်းနှင့် ဆောင့်ဖွင့်လိုက်တော့ ဟန်ကျိုးလီက ဆိုဖာပေါ်မှာ ထိုင်နေကာ သူ့မျက်နှာချင်းဆိုင်မှာတော့ အနုပညာသည်ဌာန၊ ထုတ်လုပ်ရေးဌာနနှင့် ငွေစာရင်းဌာနက မန်နေဂျာတွေ ထိုင်နေကြသည်။

ဝုန်းခနဲ ရုတ်တရက်ကြီး ထွက်ပေါ်လာသည့် အသံကြောင့် သူတို့အားလုံး ပြေးဝင်လာသည့်သိုက်ယီးရန်ကို လှည့်ကြည့်ကြ၏။
“ အစ်ကိုဟန် ကျွန်မကို ဒီအလုပ်ကနေ တကယ်ပဲ နုတ်ထွက်စေချင်တာလား ”

“ ကျန့်ထျန်းမင် ဘာလုပ်နေတာလဲ!! ”
ဟန်ကျိုးလီ မျက်နှာ ကွက်ခနဲ မည်းသွားသည်။

သိုက်ယီးရန်ကတော့ အပျော်တွေဆို့သွား၏။ သူမ ထင်ထားသလိုပဲ.. ဒါ ဟန်ကျိုးလီရဲ့အမိန့်မဟုတ်ဘူး ..

သိသားပဲ အစ်ကိုဟန်က သူမကို သွားခွင့်ပေးမှာ မဟုတ်ဘူး ..

အရင်ကပြောခဲ့တာတွေက လေလုံးသက်သက်ပဲ

သို့သော်လည်း ထိုအခိုက်မှာ အချိန်မီရောက်ရှိလာခဲ့သော ကျန့်ထျန်းမင်သည် ဟန်ကျိုးလီ၏ စကားတွေကို ကြားလိုက်သည်နှင့်တစ်ပြိုင်နက်
“ သူဌေး ကျွန်တော် သိုက်ယီးရန်ကို နုတ်ထွက်စာကို မြန်မြန်ရေးတင်ဖို့နဲ့ ပစ္စည်းတွေသိမ်းပြီးတော့ ချက်ချင်း ထွက်သွားပေးဖို့ကို ရှင်းအောင် ပြောထားပြီးသားပါ၊ ဒါပေမယ့် သိုက်ယီးရန်က မကျေနပ်ဘူးနဲ့တူတယ်၊ အတင်း ဒီကိုလာဖို့ပဲလုပ်ပါတယ် ”

ထိုမှစခဲ့သော အချစ်များစွာသည် Where stories live. Discover now