48

5.2K 645 8
                                    


(Unicode)

အခန်း ၄၈ ) ကြမ်းပြင်မှ ကြွအောင် မချီ၍ နံရံတွင် ဖိကပ်

ထို့ကြောင့်ပဲ လုမန်တစ်ယောက် ဟန်ကျိုးလီကို ဖုန်းနံပါတ်ပေးလိုက်ရ၏။

ဟန်ကျိုးလီက လုမန်ဖုန်းကိုခေါ်သည်။ လုမန်ဖုန်းမြည်လို့ ထုတ်ပြီး ချလိုက်တာမြင်မှ သူ စိတ်အေးရ၏။

လုမန်က ဟန်ကျိုးလီဖုန်းနံပါတ်ကို မှတ်ထားလိုက်ကာ ခေါင်းမော့၍ မေးသည်။
“ ရှင့်မှာ Alipay ရှိတယ်မလား? Alipay ကနေ ငွေချေမယ်နော် ”

ဒီလိုလုပ်မှ လူချင်းတွေ့စရာမလိုပဲ အများကြီး အဆင်ပြေသွားမှာ..

“ အဟွန်း.. ကိုယ့်မှာ Alipay မရှိဘူး ”

လုမန် : “…”

“ ဒါဖြင့်ရင် ကျွန်မပြောပြမယ် ”

လူကိုယ်တိုင် ပိုက်ဆံပြန်ဆပ်ခိုင်းချင်ပေမယ့် ဟန်ကျိုးလီ စိတ်ပြောင်းသွား၏။
“ အင်း ”

ထို့ကြောင့် ဖုန်းကို ချက်ချင်း ထုတ်ပြီး သူ မေးလိုက်၏။
“ ဘယ်လိုလုပ်ရမလဲ?”

“ ပထမဦးဆုံး App Store ကို ဝင်ပြီး App ကို ရှာလိုက်ပါ ”
လုမန်က သူ့ကို တစ်ဆင့်ချင်း ပြောပြပေးသည်။ ဟန်ကျိုးလီအနားကပ်လာတာကိုပင် မသိ..

လုမန်က ခေါင်းငုံ့လျက် သူ့ကို App ထည့်သွင်းပေးနေစဥ် ဟန်ကျိုးလီကတော့ လုမန်မျက်နှာကို ငုံ့ကြည့်သည်။ သူမဆီမှ ပျံ့လွင့်လာသော ချိုမြမြသင်းရနံ့ကြောင့် သူ့ခေါင်းက ငုံ့သထက်ပင် ငုံ့၍ အနားတိုးသွားလေ၏။

ကံကောင်းထောက်မစွာဖြင့် ဒါဟာ နှစ်ယောက်နေ အခန်း ဖြစ်သော်လည်း ခုတင်နှစ်ခုအလယ်တွင် လိုက်ကာခြားထားသည်။ ထို့ကြောင့် ဟန်ကျိုးလီ လုပ်နေတာတွေကို အန်တီချိုင်နှင့် ဝူကျိကော်က မမြင်။

“ ဒါပဲ အခု ရှင့်ဘဏ်အကောင့်နဲ့ ချိတ်လို့ရပြီ ”
အားလုံးပြီးစီးလို့ လုမန် ခေါင်းမော့လိုက်ချိန်မှာ ဟန်ကျိုးလီက အနားရောက်နေပြီဖြစ်သည်။

နှုတ်ခမ်းတွေက သူမနဖူးနှင့် ထိလုတော့မည်။

သူမမျက်နှာမှာလည်း သူ့ဝင်သက်ထွက်သက်တွေ ထုံလွှမ်းနေကာ..

ထိုမှစခဲ့သော အချစ်များစွာသည် Where stories live. Discover now