29

6K 767 1
                                    

Unicode

အခန်း ၂၉ ) အရေးကြီးသော သဲလွန်စတစ်ခု 
“ မင်းသမီးပေါက်စ ”

အသံထွက်မိမှာ​စိုးလို့ တံခါးနားကပ်ကာ လုမန် ငြိမ်နေမိသည်။

ရှချင်းဝေ၏ ငြိမ်းချမ်းစွာ အိပ်စက်နေသော မျက်နှာလေးကိုမြင်လိုက်ရရင် နောက်ထပ် စိတ်ဒဏ်ရာတွေ မခံစားမိစေတော့ဖို့ ကျိန်ဆိုမိလိုက်ပါ၏။

အတော်လေးကြာအောင် ငြိမ်ကြည့်ပြီးမှ လုမန် အိမ်ပြန်ခဲ့သည်။

ဒီအိမ်ဟာ ရှချင်းဝေရဲ့ရှေးရှေးတုန်းကအိမ်..

သူမမေမေ လုချီယွမ်နှင့်ကွာရှင်းပြီးတဲ့နောက်မှာ ရှချင်းယန်က လုချီယွမ် ရှချင်းဝေကို ဥစ္စာပစ္စည်းတွေပေးပစ်မှာကို မလိုလားပေ။

လုချီယွမ်ကို သူမ တစ်ခုခုပြောခဲ့လိုက်သလား ဘယ်သူသိမလဲ

ထို့ကြောင့်ပဲ ကွာရှင်းပြတ်စဲခြင်းမှာ ရှချင်းဝေက ရှေးရှေးတုန်းက သူတို့နေထိုင်ခဲ့သည့် တိုက်ခန်းဟောင်းလေးကိုပဲ ရရှိခဲ့သည်။

သို့သော်လည်း သူမအား သတိရစေမည့် လုချီယွမ်နှင့်ပတ်သက်သော ဘယ်အရာကိုမှ ရှချင်းဝေက မမြင်ချင်ပေ။ 

သို့ဖြစ်ပါ၍ ထိုအိမ်ကိုရောင်းဖို့ဆုံးဖြတ်ခဲ့ကာ ထိုအချိန်က ရှချင်းဝေ နှလုံးရောဂါ ခံစားနေရသည့် အချိန်ဖြစ်ခဲ့သည်။ ထိုကနေမှ လက်ရှိနေထိုင်ရာ အိမ်သည် ပိုကျဥ်းသွားခဲ့၏။

ထိုအချိန်က အိမ်ခြံခြေစျေးနှုန်းတွေသည် ခုနှင့် မတူ။ ဟောင်းနွမ်းသော အဆောက်အအုံတွေမှာ အလွှာ ၆ လွှာ ပါရှိပြီး ဓာတ်လှေကား မပါရှိကာ ၆ လွှာသည် စျေးအပေါဆုံးဖြစ်ခဲ့၏။

ငွေပိုစုနိုင်ဖို့ ရှချင်းဝေက ၆လွှာမှာ တိုက်ခန်းတစ်ခန်းဝယ်ချင်ခဲ့သည်။

ဒါပေမယ့် သူမ၏ ကျန်းမာရေးကြောင့် လုမန်က မြေညီထပ်မှာ နေဖို့မရမကတောင်းဆိုခဲ့ကာ..

ကျန်ရှိနေခဲ့သော အရင်တိုက်ခန်းရောင်းရငွေကို ရှချင်းဝေ၏ နာမကျန်းစရိတ်အတွက် အားလုံးသုံးခဲ့ရ၏။

ခု ၈ နှစ်အကြာကို ပြန်ရောက်လာတော့ တံခါးကိုဖြတ်ကျော်ပြီးတာနှင့် လုမန် ငိုကြွေးခဲ့သည်။

ထိုမှစခဲ့သော အချစ်များစွာသည် Donde viven las historias. Descúbrelo ahora