(1.2)

11.3K 1K 6
                                    

Unicode

ဒီကမ္ဘာကိုကူးပြောင်းလာပြီးနောက်တွင် ရှောင်ကျန့်ရဲ့ဘဝက အရမ်းအေးချမ်းနေခဲ့၏။ မူလခန္ဓာကိုယ်ပိုင်ရှင်ရဲ့ ဆန္ဒက အလွန်ရိုးရှင်းတာကြောင့် သူ့အတွက် အပန်းဖြေရာတောင်ရောက်သေးသည်။ ဇာတ်လိုက်ရန်ကိုရှောင်ရှားနိုင်သမျှ သူ့အတွက်အရာအားလုံးလွယ်ကူနေပြီမဟုတ်ပါလား။

အိုက်ယား။ တယ်တော်လိုက်တဲ့ငါပါလား။

အုန်းသီး : [.....] မပြောတော့ပါဘူးလေ။

ဒီကမ္ဘာတွင် မွေးကင်းစအရွယ်တည်းကသူ့ကိုဂရုတစိုက်ဖြင့် အရမ်းချစ်ပေးတဲ့မြေခွေးမေမေရယ်၊ သူဒဏ်ရာတစ်ခုရရင်ပွစိပွစိပြောတတ်ပြီး အရမ်းစိုးရိမ်တတ်တဲ့နတ်သားရဲကြီးသုံးကောင်ရယ်၊ ဒေါသကြီးပေမယ့်သူ့ကို အရမ်းသံယောဇဥ်ရှိတဲ့ သူ့ထက်တစ်နှစ်ငယ်တဲ့ဝံပုလွေနတ်သားရဲ ရှောင်ဟိုင်တို့ ရှိကြသည်။

သူနေထိုင်ခဲ့သည့်ကမ္ဘာတွင် မိဘမဲ့တစ်ယောက်ဖြစ်သည့်အတွက် ဒီလိုဝိုင်းချစ်ခံရတဲ့အပေါ် အလွန်တရာပျော်ရွှင်မိခြင်းမရှိဟု ဆိုရင်လိမ်လည်ရာကျပေလိမ့်မည်။ ကိုယ့်ကိုဂရုစိုက်တဲ့လူတွေရှိနေခြင်းက အတော်လေးပျော်ရွှင်ရသည်မဟုတ်ပါလား။

သူ့မိခင်မြေခွေးနဲ့ သူငယ်ချင်းဖြစ်သူရှောင်ဟိုင်အပါအဝင်နတ်သားရဲကြီးသုံးကောင်က ရှားပါးနတ်သားရဲတွေဖြစ်တာကြောင့် မွေးပြီးသုံးရက်အကြာမှာပင် လူပုံစံပြောင်းလဲနိုင်ကြသည်။

[host...mission အတွက်နောက်ဆက်တွဲအစီအစဥ်တွေဘာတွေရှိရဲ့လား]

'မရှိဘူး....အခုထိငါက လူပုံစံတောင်ပြောင်းနိုင်သေးတာမဟုတ်ဘူး.....ဒီအမြှီးကိုးချောင်းနဲ့သာ အပြင်ထွက်ရင်ချက်ချင်း လူတွေဝိုင်းဆွဲလို့ သေသွားလိမ့်မယ်'

[ဒါတော့ဒါပေါ့hostရယ်....ဒါပေမယ့်ဒီလိုကြီးနေနေတာက....]

'ဒီလိုမနေလို့ဘယ်လိုနေရမှာလဲ....ဒါမှမဟုတ်ဇောတ်ထိုးပုံစံနဲ့ တွဲလောင်းချပြီး နေရမှာလား.....'

အုန်းသီး : [.....]

ကျွန်တော်ဆိုလိုချင်တာက တစ်နေ့ထက်တစ်နေ့ host အပျင်းကြီးသထက်ကြီးလာလို့လေဗျာ။

system 091 Where stories live. Discover now