(5.6)

6.3K 728 34
                                    

Unicode

ရှောင်ကျန့်ရဲ့မျက်နှာလေးမှာနီရဲတွတ်နေပြီးသူ့ရဲ့ပင်လယ်ပြာရောင်မျက်လုံးလေးတစ်စုံမှာဒေါသကြောင့်တစ်လက်လက်ဖြင့်စူးရဲနေသည်။

သူ့ရဲ့ခပ်ရဲရဲနှုတ်ခမ်းလေးမှာတစ်ဖက်လူလက်ချက်ကြောင့်ရဲတွတ်နေပြီးသရေမျှင်တန်းလေးတစ်ခုမှာနှုတ်ခမ်းထောင့်ကနေတွဲကျနေ၏။

ချင်းယွမ်မူကရှောင်ကျန့်ရဲ့အလွန်လှပလှပါသောမျက်နှာလေးကိုစိုက်ကြည့်ရင်းသူ့ရဲ့ပယင်းရောင်မျက်လုံးတစ်စုံမှာနက်မှောင်သထက်နက်မှောင်လာသည်။ထို့နောက်ရှောင်ကျန့်ရဲ့နှုတ်ခမ်းလေးကိုထပ်မံ၍အတင်းအကြပ်နမ်းရှိုက်လာပြန်သည်။

မိနစ်အတော်ကြာနမ်းရှိုက်ပြီးနောက်တွင်ချင်းယွမ်မူကရှောင်ကျန့်ရဲ့မျက်ခွံလေးတွေအပေါ်ထပ်ကာထပ်ကာဖိနမ်း၍သူ့ရင်ခွင်အတွင်းသို့တင်းတင်းကြပ်ကြပ်ပွေ့ပိုက်ထားလိုက်သည်။

ရှောင်ကျန့်ကတစ်ဖက်လူကိုဘယ်လောက်ပဲတွန်းထုတ်တွန်းထုတ်ချင်းယွမ်မူ၏ခန္ဓာကိုယ်မှာကျောက်တိုင်ကြီးတစ်ခုကဲ့သို့မလှုပ်မရပ်ဖြင့်တင်းတင်းကြပ်ကြပ်ပွေ့ပိုက်ထားဆဲသာဖြစ်သည်။

ငါးစက္ကန့်တစ်ခါရှောင်ကျန့်ရဲ့ပင်လယ်ပြာရောင်ဆံနွယ်တွေနဲ့ခေါင်းထိပ်လေးကိုနမ်းရှိုက်တတ်သေးသည်။

မသိရင်သူတို့နှစ်ယောက်မှာပထမဦးဆုံးအကြိမ်တွေ့ဆုံခဲ့တာမဟုတ်သလိုမျိုးပတ်ဝန်းကျင်လေထူကအစထူးထူးခြားခြားသဟဇာတဖြစ်နေခဲ့သည်။

ရှောင်ကျန့်၏မျက်နှာမှာအတော်လေးဆူပုတ်နေပေမယ့်ထူးဆန်းစွာပင်ဒီလူထူးဆန်းရဲ့လုပ်ရပ်တွေကိုရွံရှာသည်ဟုမခံစားရပါချေ။နောက်ဆုံးဘယ်လိုရုန်းရုန်းမရတဲ့အဆုံးမှာရှောင်ကျန့်ကငြိမ်သက်နေနေရုံသာတတ်နိုင်သည်။ဆယ့်ငါးမိနစ်လောက်ကြာပြီးသည့်နောက်တွင်အသက်ရှုသံမှန်မှန်နှင့်အတူတစ်ဖက်လူကနှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျသွားခဲ့သည်။

ရှောင်ကျန့် : "....."

သူ့ခန္ဓာကိုယ်တစ်ခုလုံးမှာတစ်ဖက်လူလက်မောင်းကြားထဲတွင်သိမ်းကျုံးဖက်ခြင်းခံထားရပြီးအိပ်ပျော်သွားတာတောင်မှဘယ်လောက်ရုန်းရုန်းတစ်စက်လေးမှလှုပ်ရှားသွားခြင်းမရှိပါချေ။

system 091 Where stories live. Discover now