Arc(5)

9.6K 747 9
                                    

Unicode

[အမည် - ရှောင်ကျန့်

အသက် - ၂၂နှစ်

လိင် - ယောက်ျား

ပြီးမြောက်သည့်mission - 40%

ပြီးမြောက်သည့်ကမ္ဘာ - 4

points - 29700

တတ်မြောက်သည့်ပညာရပ် - စာရေးခြင်း၊အတိုက်အခိုက်၊အချက်အပြုတ်၊သရုပ်ဆောင်ခြင်း၊hacker၊တောက်ပညာရပ်]

ရှောင်ကျန့်ကသူ့အရှေ့ကဇယားကွက်ကိုလက်ပိုက်ကာကြည့်ရင်းတစ်နေရာတွင်သူ့ကိုကျောပေးထားသည့်အုန်းသီးကိုတစ်ချက်မှာစောင်းငဲ့ကြည့်လိုက်မိသည်။

ပုံမှန်ဆိုရင်အုန်းသီးကသူspeacထဲရောက်တာနဲ့အပြေးအလွှားလာကြိုတတ်သည်။

သို့ပေမယ့်ယခုအချိန်အထိအမွှေးလုံးလေးအုန်းသီးမှာတုတ်တုတ်တောင်မလှုပ်သလိုရှောင်ကျန့်ကိုလည်းစကားပြောမလာသေးချေ။

"အုန်းသီး.....မင်းဘာဖြစ်နေတာလဲ"

အုန်းသီးကဘာမှပြန်မဖြေပါပဲတိတ်ဆိတ်နေ၏။

"မင်းဘာမှမပြောဘူးဆိုလည်းကိုယ့်အလုပ်ကိုယ်တာဝန်ကျေအောင်လုပ်သင့်နေပြီနော်"

နောက်ဆုံးမှာတော့စိတ်ပျော့လှသောအုန်းသီးမှာသူ့hostရဲ့ဂရုမစိုက်သလိုစကားကိုခံနိုင်ရည်မရှိတော့ပါပဲမျက်ရည်တွေဘူးသီးလုံးလောက်ကျလာ၍ရှောင်ကျန့်ရင်ခွင်ထဲပြေးဝင်လာသည်။

[ဝူး....ဝူး.....hostအရမ်းရက်စက်တာပဲ....စတုတ္ထမြောက်ကမ္ဘာမှာကျွန်တော့်ကိုသိပ်တောင်စကားမ​ပြောဘူး.....အုန်းသီးကိုများမလိုချင်တော့ဘူးလားလို့ထင်ပြီးဝမ်းနည်းလိုက်ရတာအရမ်းပဲ.....ဝူး....]

အုန်းသီးရဲ့စကားကြောင့်ရှောင်ကျန့်မှာဘာပြောရမှန်းမသိအောင်ဆွံ့အ,သွားသလိုရယ်လဲရယ်ချင်လာသည်။

အမှန်တော့အုန်းသီးကစိတ်ကောက်နေတာမဟုတ်ပဲဝမ်းနည်းနေတာကိုး......

"ဝမ်းမနည်းပါနဲ့.....ငါကဒီချစ်စရာအုန်းသီးလေးကိုဘယ်စွန့်ပြစ်ရက်ပါ့မလဲ"

ရှောင်ကျန့်ကအုန်းသီးရဲ့အမွှေးဖွာဖွာလေးတွေကိုပွတ်သပ်ပြီးအငိုတိတ်စေရန်ချော့မြူပေးလိုက်သည်။

system 091 Where stories live. Discover now