(4.15)

6K 703 18
                                    

Unicode

ဇိုင်းရဲ့ကောင်းမှုဖြင့်ရှောင်ကျန့်ကျောင်းတစ်ရက်လောက်နားလိုက်ရသည်။နောက်နေ့ဟာလည်းကျောင်းပိတ်ရက်ဖြစ်တာကြောင့်ပိုမိုအေးဆေးသွားသည်ဟုဆိုရမည်။မဟုတ်ရင်ရှောင်ကျန့်အနေနဲ့ကျောင်းခန်းထဲမှာကွတိ,ကွတဖြင့်လျှောက်မသွားချင်ပါချေ။

ရှောင်ကျန့်ကတော့ကျေနပ်သည်။ဇိုင်းကသူခိုင်းသမျှမညီးမညူလုပ်ပေးသလို၊လိုလေသေးမရှိအောင်ပြုစုယုယပေးခြင်းခံနေရသည်။သူ့ချစ်သူနဲ့ရှိသမျှအချိန်တိုင်းစက္ကန့်တိုင်းကသူ့အတွက်တန်းဖိုးရှိလွန်းသည်။သူခိုင်းသမျှကိုအပြုံးမပျက်ဖြင့်ကြိုးစားလုပ်ပေးနေသည်ကရှောင်ကျန့်အတွက်ပြောမပြနိုင်လောက်အောင်ကြည်နူးစေသည်။

ဒီလိုအချိန်တွေကကပ်ချွဲပြီးအချိန်တိုင်းပူးကပ်နေဖို့အကောင်းဆုံးဖြစ်သည်။တစ်ခဏလောက်သူလုပ်ရမယ့်တာဝန်တွေနဲ့မကောင်းဆိုးဝါးဝိဥာဥ်အားရင်ဆိုင်ရမယ့်ကိစ္စတွေအားလုံးကိုမေ့ထားပြစ်လိုက်ချင်သည်။

ရှောင်ကျန့်ရဲ့အားလပ်ရက်လေးတွေမှာကျောင်းပျက်သည့်တစ်ရက်သာခံသည်ကတော့သူ့ရဲ့ကံသာဖြစ်သည်။

ကျောင်းပထမပိတ်ရက်တွင်ရှောင်ကျန့်ဆီသို့ပိုင်မင်ကဖုန်းခေါ်လာသည်။

"ရန်ဖန်း...."

"ပိုင်မင်ဘာပြောစရာရှိလို့လဲ"

ရှောင်ကျန့်ကပိုင်မင်ရဲ့လေသံအတွင်းရှိအားနည်းဖျော့တော့နေမှုကိုသတိထားမိစွာဖြင့်မျက်မှောင်ကြုတ်လိုက်မိသည်။

"ဒီနေ့အားလား"

"ဟုတ်....ဘာဖြစ်လို့လဲဟင်"

"ဒီနေ့,နေ့လည်၁၁နာရီကျောင်းရှေ့ကကော်ဖီဆိုင်လေးမှာတွေ့လို့ရမလား....ငါတို့တိုင်ပင်စရာတစ်ခုရှိလို့.....တစ်ခြားသူတွေလည်းပါတယ်"

"ရပါတယ်ဗျ...."

"ကျေးဇူးပါကွာ...."

ပိုင်မင်ဘက်ကဖုန်းချသွားပြီးနောက်တွင်ရှောင်ကျန့်၏မူလပုံမှန်မျက်နှာထားလေးမှာချက်ချင်းတောင့်တင်းသွားသည်။

နေစမ်းပါဦး.....

သူကဆွံအ,နေတယ်လို့သိထားကြတာမဟုတ်ဘူးလားဟင်.....

system 091 On viuen les histories. Descobreix ara