(5.14)

5.6K 678 38
                                    

Unicode

ရှောင်ကျန့်၏သွယ်လျလှပတဲ့အမြှီးရှည်လေးမှာရေစီးနဲ့အကူညင်သာစွာယိမ်းနွဲ့နေပြီးနဂါးကြီးရဲ့ရုန်းကန်မှုကြောင့်ဖြစ်ပေါ်လာတဲ့ရေလှိုင်းကြီးတွေမှာသူ့အနားသို့မရောက်ခင်မှာတင်ပျောက်ကွယ်သွားသည်။

ရှောင်ကျန့်၏မြပြာရောင်မိုးမခကိုင်းကဲ့သို့မျက်ခုံးတန်းလေးတွေမှာအလိုမကျမှုကြောင့်ယောင်ယောင်လေးတွန့်ချိုးလိုက်သည်။

'အုန်းသီး'

[ကျွန်တော်ရှိပါတယ်host]

'လုံဖုချန်ခန္ဓာကိုယ်ထဲကအနက်ရောင်နဂါးဝိဥာဥ်ကိုဖယ်ထုတ်နိုင်မယ့်နည်းလမ်းရှိလား'

[hostကလူမှန်ကိုမေးလိုက်တာပဲ....
ဝိဥာဥ်တွေကိုစုပ်ယူဖမ်းဆီးနိုင်တဲ့ဝိဥာဥ်စုပ်ယူဖန်လုံးရှိတယ်....စျေးကသိပ်မများပါဘူး....points2500တည်းပါ....ဝယ်မယ်မလားhost]

'ဝယ်လိုက်'

[ဟုတ်ကဲ့....ဝိဥာဥ်စုပ်ယူဖန်လုံးကိုဝယ်ယူအားပေးမှုအတွက်အထူးကျေးဇူးတင်ရှိပါတယ်ဗျ.....အော်...ဒါနဲ့hostရေ....ဝိဥာဥ်စုပ်ယူဖန်လုံးထဲကိုထည့်သွင်းခံရမယ့်ဝိဥာဥ်ကအားနည်းနေဖို့တော့လိုတယ်နော်]

'ငါသိပြီ'

ရှောင်ကျန့်ကလေးလေးနက်နက်သက်ပြင်းချလိုက်ကာအနက်နဲ့အပြာရောင်အားပြိုင်နေသည့်နဂါးကြီးရဲ့မျက်လုံးတွေကိုစူးစိုက်ကြည့်လိုက်သည်။

"ချန်ကော....ကျွန်တော့်ကိုယုံတယ်မလား"

ရှောင်ကျန့်ရဲ့အသံလေးမှာကျယ်လောင်ခြင်းမရှိပေမယ့်လွန်စွာကြည့်လင်၍ရေစက်လေးတွေတစ်စက်စက်ကျနေသလို၊ပုလဲလုံးလေးတွေလှုပ်ခတ်နေသလိုမျိုးသာယာလှသည်။

ထိုအသံလေးကြောင့်နဂါးကြီး၏ရုန်းကန်လှုပ်ရှားနေမှုမှာရပ်တန့်သွားပြီးဇဝေဇဝါပုံစံဖြင့်ရှောင်ကျန့်ကိုကြည့်လာသည်။

"ဘာကိုဆိုလိုတာလဲ"

"ကျွန်တော်မေးတာသာဖြေပေးပါ.....ချန်ကော...ကျွန်တော့်ကိုယုံလား"

"အင်း"

နဂါးကြီးကတုံ့ဆိုင်းခြင်းမရှိပြန်ဖြေပေးလာသည်။ရှောင်ကျန့်ဟာနူးညံ့စွာပြုံးရင်းထပ်မံဆိုလိုက်သည်။

system 091 Kde žijí příběhy. Začni objevovat