(3.8)

7.6K 830 67
                                    

Unicode

ေရှာင်ကျန့်အနေနဲ့ကတော့ဇာတ်လိုက်မရဲ့ယောက်ျားတွေကိုကောင်းကောင်းမွန်မွန်စကားပင်မပြောချင်ပါချေ။

မေးလ်နိုးလာတော့လည်းသူ့ရဲ့ပြုမူပုံမှာဖေးလ်နှင့်မခြားပေ။သူကကြောင်တောင်တောင်နဲ့ရှောင်ကျန့်ကိုစိုက်ကြည့်ရင်း"နတ်ပြည်ရောက်လာတာမဟုတ်ဘူးလား"ဆိုသည့်စကားကိုသာထပ်ကာထပ်ကာမေးမြန်းနေခဲ့သည်။

နောက်ဆုံးကြည့်မရဖြစ်လာသည့်ရှောင်ကျန့်ရဲ့လက်သီးစာမိသွားသောအခါမှသာသူ့ရဲ့ရောင်ကိုင်းနေသည့်မျက်နှာကိုထိရင်းနတ်ပြည်မဟုတ်မှန်းနားလည်သွားခဲ့သည်။

ရှောင်ကျန့်ကဖေးလ်နဲ့မေးလ်၊နတ်သူငယ်ညီအစ်ကိုနှစ်ယောက်ကိုချက်ချင်းထွက်သွားစေချင်သည်။သို့သော်နှစ်ယောက်လုံးကဟိုအကြောင်းပြဒီအကြောင်းပြဖြင့်ဝေ့လည်ကြောင်ပတ်လုပ်ရင်းထွက်သွားဖို့ရန်အတင်းအကြပ်ငြင်းဆန်သည်။

ဤလိုဖြင့်ဖေးလ်နှင့်မေးလ်မှာရှောင်ကျန့်ဆီတွင်သုံးရက်မျှသောင်တင်သွားကြသည်။နတ်သူငယ်ညီအစ်ကိုနှစ်ယောက်ကိုစံအိမ်ကြီးနားမကပ်ဖို့ရန်အတွက်တော့ရှောင်ကျန့်ဟာကန့်သတ်ထားသည်။မတော်လို့စံအိမ်ကြီးနားမှာရှိနေတဲ့ပိုးအိမ်ကြီးကိုမြင်သွားခဲ့ရင်ရှောင်ကျန့်အနေနဲ့ပြဿနာတတ်နိုင်သည်။ကံကောင်းစွာဖြင့်ညီအစ်ကိုနှစ်ယောက်ကရှောင်ကျန့်စကားကိုတော့နားထောင်သည်။

ရှောင်ကျန့်အနေနဲ့ညီအစ်ကိုနှစ်ယောက်ရဲ့အကျင့်စရိုက်ကိုအနည်းငယ်တော့နားလည်လာသည်။

မေးလ်(ခေါ်)ဒုတိယဇာတ်လိုက်မှာသောက်ရမ်းစကားများသလိုအရေထူသည့်နေရာတွင်လည်းပြိုင်ဘက်ကင်းသည်။ဖေးလ်ကတော့မေးလ်နှင့်ဆန့်ကျင်ဘက်၊အေးတိအေးစက်နိုင်ပြီးစကားအလွန်နည်းပေမယ့်မျက်နှာအရေထူသည့်နေရာတွင်တော့မေးလ်ထက်တောင်ပရော်ဖက်ရှင်နယ်ဆန်သေးသည်။

လေးရက်မြောက်နေ့တွင်ရှောင်ကျန့်၏မျက်နှာအမူအရာမှာအနည်းငယ်ပြောင်းလဲသွားသည်။ပိုးအိမ်ကြီး၌ကြီးမြတ်သည့်တစ်စုံတစ်ခုမွေးဖွားလာကြောင်းရှောင်ကျန့်ခံစားမိလိုက်၍ဖြစ်သည်။

system 091 Where stories live. Discover now