(5.5)

6.5K 768 57
                                    

Unicode

ကျင့်ကြံခြင်းအဆင့်

စုဆောင်းခြင်းအဆင့် - 1 to 10

မော်တယ်အဆင့် - 1 to 10

အင်မော်တယ်အဆင့် - 1 to 10

နတ်ဘုရားအဆင့် - 1 to 10

သူတော်စင်အဆင့် - 1 to 10

ကြီးမြတ်သူအဆင့် - 1 to 10

ကြီးမြတ်သောကောင်းကင်နတ်ဘုရားအဆင့် - 1 to 10

*******************
********

များပြားလှစွာသောကျင့်ကြံသူလူအုပ်စုဟာအတော်လေးစိတ်ရှည်စွာဖြင့်အတားအဆီးအားနည်းမည့်အချိန်ကိုစောင့်ဆိုင်းနေကြသည်။

သို့ပေမယ့်သူတို့စောင့်ဆိုင်းချိန်ပိုမိုကြာမြင့်လာလေသူတို့ကိုယ်ပေါ်သို့ကျဆင်းလာသည့်ဖိအားမှာပိုမိုတောင့်ခံနိုင်ရန်ခက်ခဲလာလေဖြစ်သည်။

တစ်ချို့အားနည်းတဲ့သူတွေဆိုရင်ဖြူဖျော့တုန်ရီလာပြီးသွေးအန်တဲ့အထိတောင်ရှိနေသေးသည်။

ထို့ကြောင့်တောင့်မခံနိုင်သူတွေဟာလှိုဏ်ဂူနဲ့ပိုမိုဝေးကွာသည့်နေရာကိုရွေ့သွားရန်သာတတ်နိုင်ကြသည်။

အကြီးအကဲယီဖျောင်ရှင်းနှင့်လူငယ်အုပ်စုမှာလည်းချွင်းချက်မဟုတ်ပေ။လုလုကသူမရဲ့ထီးဖြူလေးဆီကအကာအကွယ်ကြောင့်မျက်နှာဖြူဖျော့နေရုံလေးသာဖြစ်ပြီးတစ်ခြားသူတွေထက်အတော်လေးသက်သာသည်ဟုဆိုရမည်။လဲ့ချင်းယန်ကတော့ဇာတ်လိုက်ပီပီတစ်ခြားသူတွေထက်ဖိအားကိုပိုမိုတောင့်ခံနိုင်ပေမယ့်ဒီအတိုင်းသာဆက်သွားနေရင်အကုန်လုံးအတွက်မဟန်ပေ။

လဲ့ချင်းယန်ကသူ့'အဖေ'ကိုအကဲခတ်မိလိုက်သည်။တစ်ခြားသောကျင့်ကြံရေးဂိုဏ်းကိုယ်စီကစွမ်းအားမြင့်ကျင့်ကြံသူတိုင်းကသီးခြားဒိုင်မေးရှင်းထဲကထွက်ပေါ်လာသည့်ဖိအားအရှိန်အဝါကြောင့်အတော်လေးတောင့်ခံနေရချိန်တွင်သူ့ရဲ့ချစ်လှစွာသောဖေဖေကတော့အိပ်ငိုက်နေပုံရနေသည်။

ပြီးတော့ပျင်းရိစွာဝှားသမ်းလိုက်၏။

လဲ့ချင်းယန် : "....."

ဖေဖေကတော့ဖေဖေပါပဲ.....တစ်ခြားသူတွေနဲ့နှိုင်းယှဥ်လို့ကိုမရဘူး.....

system 091 Where stories live. Discover now