(5.4)

6.3K 740 28
                                    

Unicode

ကျင့်ကြံခြင်းအဆင့်

စုဆောင်းခြင်းအဆင့် - 1 to 10

မော်တယ်အဆင့် - 1 to 10

အင်မော်တယ်အဆင့် - 1 to 10

နတ်ဘုရားအဆင့် - 1 to 10

သူတော်စင်အဆင့် - 1 to 10

ကြီးမြတ်သူအဆင့် - 1 to 10

ကြီးမြတ်သောကောင်းကင်နတ်ဘုရားအဆင့် - 1 to 10

*******************
********

ရှောင်ကျန့်မှာသူ့ရဲ့သနားစရာသွေးမတော်သားမစပ်သားငယ်လေးအားနောက်ပြန်လှည့်ကာလိုက်ရှာရပြန်သည်။

ရှောင်ကျန့်၏လက်မှာလှုပ်ရှားသွားရင်းသူ့လက်ဖဝါးထက်ကနေရေမှုန်ရေမွှားတွေထွက်ပေါ်လာကာနေရာအနှံ့သို့လွင့်ထွက်သွားစေသည်။

သူ့ရဲ့လှပတဲ့အနက်ရောင်မျက်ဝန်းကိုဖိပိတ်ထား၍မရေမတွက်နိုင်တဲ့ရေမှုန်ရေမွှားတွေသွားရာလမ်းတစ်လျောက်ကိုခြေရာခံကာလဲ့ချင်းယန်ကိုရှာဖွေလိုက်သည်။

တစ်မိနစ်ခန့်ကြာပြီးနောက်တွင်ရှောင်ကျန့်ကရေမှုန်ရေမွှားတစ်ခုကနေဇာတ်လိုက်ရဲ့အရှိန်အဝါအားခံစားမိလိုက်ခြင်းကြောင့်၎င်းနေရာမှဖျက်ကနဲပျောက်ကွယ်သွားသည်။

ရှောင်ကျန့်ပြန်ပေါ်လာသည့်နေရာဟာသစ်ပင်တစ်ပင်ပေါ်၌ဖြစ်သည်။သစ်ကိုင်းကြီးကြီးတစ်ခုပေါ်၌ရှောင်ကျန့်ရှာဖွေနေတဲ့အမောင်ဇာတ်လိုက်ဟာသူ့အရှေ့ကမြင်ကွင်းတစ်ခုကိုလက်သီးလက်မောင်းတန်းအားပေးလျက်ကြည့်နေသည်။အသံမထွက်တာကိုကြည့်ခြင်းဖြင့်ရှောင်ကျန့်ရဲ့စကားကိုလွန်စွာနားထောင်ကြောင်းကိုတော့သိသာစေသည်။

အကယ်၍ရှောင်ကျန့်သာစကားပြောခွင့်ပေးထားမိပါက"ချ...ချ..."ဟုအာဗြဲကြီးဖြင့်အော်နေမည်မှာမလွဲပေ။

သူတို့အရှေ့ကွင်းပြင်တွင်အင်မော်တယ်အစောပိုင်းအဆင့်အကြီးအကဲဦးဆောင်သည့်မော်တယ်အဆင့်လူငယ်ငါးယောက်နှင့်မိန်းကလေးသုံးယောက်မှာကျားသစ်နက်အမျိုးအစားမှော်သားရဲနှစ်ကောင်နှင့်ပြင်းပြင်းထန်ထန်တိုက်ခိုက်နေကြသည်။

system 091 Where stories live. Discover now