(3.17)

6.9K 799 24
                                    

Unicode

ကြီးကျယ်ခမ်းနားလှသည့်ခန်းမကြီးထဲတွင်လူပေါင်းများစွာနေရာယူလျက်ဟိုတစ်စုဒီတစ်စုဖြစ်နေကြသည်။လူတိုင်းနီးပါး၏အဓိကလူမှာယနေ့ဂုဏ်ပြုခံလူသားဖြစ်သူ လယ်ရို ဖိုင်းစမစ်တတ် သာဖြစ်သည်။

လယ်ရိုဟာမိန်းကလေး၊ယောက်ျားလေးအုပ်စု၏ဝန်းရံခြင်းကိုခံထားသည်။သူမဟာယနေ့တွင်အဓိကအတောက်ပဆုံးသောကြယ်ပွင့်ဖြစ်နေသည်နှင့်အညီအဝါရောင်ဖြင့်လှပရှည်လျားတဲ့ဂါဝန်ရှည်ကြီးကိုဝတ်ဆင်ထားသည်။သူမရဲ့အဝါရောင်ဆံပင်ရှည်ကြီးကိုရွှေရောင်ပန်းပွင့်သဏ္ဍာန်ကလစ်တစ်ချို့နဲ့အလှဆင်ထားပြီးသူမရဲ့အစိမ်းရောင်မျက်ဝန်းတစ်စုံကိုအစွမ်းကုန်တောက်ပနေစေသည်။

လူတိုင်းဟာသူမကိုမိုးထိမတတ်ချီးကျူးနေကြပြီးလယ်ရိုမျက်နှာရှိမောက်မာဝံ့ကြွားမှုမှာပိုမိုပြင်းထန်လာသည်။

မျိုးနွယ်စုဘုရင်တွေဟာလည်းတစ်ဦးပြီးတစ်ဦးရောက်ရှိလာပြီဖြစ်သလိုခန်းမထိပ်ဆုံးပုလ္လင်တစ်ချို့အပေါ်၌အေးဆေးစွာထိုင်လျက်စကားပြောနေကြသည်။တစ်ခြားဘုရင်တွေရဲ့အမျိုးမျိုးသောချီးကျူးစကားများကိုဘုရင်မင်းမြတ် အန်ဒီ ဖိုင်းစမစ်တတ်ကမျက်နှာသေဖြင့်သာနားထောင်ရင်းကျေးဇူးတင်စကားပြောနေခဲ့သည်။

သူဘယ်လောက်ပဲလယ်ရိုကိုဂရုမစိုက်ပဲနေပါစေသူမကသူ့ရဲ့သွေးသားရင်းချာသမီးအရင်းသာဖြစ်သည်။အမှန်တကယ်တွင်ဘုရင်မင်းမြတ်အန်ဒီကသံသယဝင်နေသည်။လယ်ရိုကပါရမီရှိသည်မှာမှန်သော်လည်းဒီလိုလုပ်နိုင်စွမ်းမရှိပေ။အရေးကြီးဆုံးကသူ့သားဖေးလစ်ဆီတွင်'လက်စ်ဇိုင်းယား'မျိုးနွယ်စုဧကရာဇ်ရှိကြောင်းသူသိထားသည်လေ။အကယ်၍သူမလိမ်နေလျှင်တောင်သူဘာမှထွက်ရှင်းပြနေမှာမဟုတ်ပေ။သူမလုပ်သည့်အကျိုးကိုသူမခံစားရလိမ့်မည်သာဖြစ်သည်။

သူမအတွက်နွေးထွေးသည့်ဖခင်မေတ္တာကလွဲရင်လိုအပ်တာမှန်သမျှသူပေးအပ်ထားသည်။ထို့အတွက်ကြောင့်သူမငယ်စဥ်ကနေယခုအထိမတောင့်မတမကြောင့်မကျပဲနေနိုင်ခဲ့ခြင်းဖြစ်သည်။ဒီ့အတွက်ဘုရင်မင်းမြတ်ဟာစိတ်မလုံမလဲဖြစ်နေခြင်းကိုလုံးဝမခံစားရပေ။သူမအမေပေးခဲ့သည့်စိတ်ဒဏ်ရာကသူ့အတွက်ကြီးမားလွန်းခဲ့သည်မဟုတ်ပါလား။ဒါကသူ့အတွက်နောက်ဆုံးသောဂရုဏာသက်မှုအဖြစ်သတ်မှတ်နိုင်သည်။

system 091 Where stories live. Discover now