(3.20)End....

8.5K 849 31
                                    

Unicode

"မင်းသားဖေးလစ်ရဲ့လက်တွဲဖော်ကတကယ့်ရွှေရောင်အလင်းတိုင်လုံးကိုထုတ်လွှင့်ခဲ့တဲ့သူမဟုတ်လား"

အနည်းငယ်ရဲရင့်သည့်ရှောင်ကျန့်တို့အနီးကလူတစ်ယောက်မှာဝင်ရောက်မေးမြန်းလာသည်။

ရှောင်ကျန့်ကတစ်ခြားသူတွေရဲ့အူကြောင်ကြောင်အပြုအမူတွေကိုဂရုမစိုက်စွာဒရမ်မာဆက်ချိုးနေလိုက်သည်။

"အမှန်တော့ကျွန်တော်ဒီကိစ္စကိုပြောချင်စိတ်မရှိခဲ့ပါဘူး"

ရှောင်ကျန့်ကသူ့စကားကိုစိတ်ဝင်တစားပြန်လည်မေးမြန်းမဲ့သူကိုစောင့်စားလိုက်သည်။သို့သော်လူတိုင်းနီးပါးဟာရှောင်ကျန့်ချခဲ့တဲ့ဗုံးတစ်လုံးကြောင့်အသိစိတ်မဝင်သေးတာကြောင့်သူဘာပြောလိုက်မှန်းတောင်မသိလိုက်ကြပေ။

ရိုင်နယ်တေးဟာရှောင်ကျန့်လိုချင်တဲ့အဓိပ္ပါယ်ကိုသဘောပေါက်နားလည်စွာဖြင့်အနီးအနားရှိခုနကမေးခွန်းထုတ်လာသူအားမျက်နှာဖုံးအောက်ကနေခပ်စူးစူးအကြည့်တစ်ချက်ပေးလိုက်သည်။

ထိုလူမှာမမြင်ရသည့်ထိုအကြည့်ကြောင့်ပင်တစ်ချက်မျှတုန်ရီသွားပြီးစကားထစ်လျက်မေးလာသည်။

"ဘာ.....ဘာကိုဆိုလိုချင်တာလဲ"

ထိုလူ၏စကားကြောင့်လူအုပ်ဟာအသိစိတ်ပြန်ဝင်လာရင်းရှောင်ကျန့်ပြောလာမည့်စကားကိုသာစောင့်ဆိုင်းနေကြသည်။

ရှောင်ကျန့်ဟာကျေနပ်စွာဖြင့်သူ့ချစ်သူရဲ့ခေါင်ကြီးကိုထပ်မံပုတ်ပေးလိုက်သည်။

သူ့ချစ်ချစ်ကအတော်ဆုံးပဲ.....

သူ့ရဲ့သရုပ်ဆောင်မုဟာချက်ချင်းဆိုသလိုဝင်သွားကာဘယ်နှကြိမ်မြောက်မှန်းမသိသောသက်ပြင်းကိုသာထပ်မံချလိုက်မိသည်။

"အမှန်တော့အဲ့ဒီနေ့ကမြို့တော်ဝန်အိုင်းစက်နဲ့တစ်ခြားမှော်နက်ကျင့်ကြံသူတွေကိုကျွန်တော့်ရဲ့လက်တွဲဖော်ကိုယ်တိုင်ဖြေရှင်းပေးခဲ့တာပါ....."

လူတိုင်းဟာတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်းရှောင်ကျန့်စကားကြောင့်မျက်လုံးပြူးသွားသည်။

system 091 Where stories live. Discover now