(5.1)

8.5K 784 66
                                    

Unicode

ရှောင်ကျန့်ဟာသူ့ရဲ့ကြီးမားလွန်းလှသောအစွမ်းတွေကိုကျွမ်းကျင်စွာထိန်းချုပ်၍သူ့အရှေ့၌ရေမှန်တစ်ချပ်ကိုဖန်ဆင်းလိုက်သည်။

လူတစ်ကိုယ်စာကျယ်ပြန့်သည့်ရေမှန်ချပ်ကြီးထဲတွင်ယခုလက်ရှိရှောင်ကျန့်ရဲ့ပုံရိပ်မှာရောင်ပြန်ဟပ်နေ၏။

ရှောင်ကျန့်ရဲ့မျက်လုံးလေးတွေမှာအံ့ဩမှုကြောင့်ဝိုင်းစက်သွားကာသူ့မျက်နှာလေးကိုသူ့လက်လေးတွေနဲ့ထိတွေ့ကိုင်တွယ်မိလိုက်သည်။

ရေမှန်ထဲကပုံရိပ်လေးမှာလှရက်နိုင်လွန်းသည်။

သူ့တွင်လွန်စွာရှည်လျားတဲ့ပင်လယ်ပြာရောင်ဆံနွယ်ရှည်တွေနှင့်တောက်ပလွန်းတဲ့ပင်လယ်ရေပြင်ရောင်ပြန်ဟပ်သလိုမျိုးမြပြာရောင်မျက်လုံးတစ်စုံသည်။ထိုမျက်လုံးတစ်စုံမှာမက်မုံပွင့်ကဲ့သို့လှပလွန်းလှပြီးမျက်လုံးအတွင်း၌အဆုံးမဲ့သမုဒ္ဒရာကြီးကိုမြင်တွေ့နေရသလိုတွေ့မြင်သူတိုင်းအားခံစားရစေသည်။အပြာရောင်ဖျော့ဖျော့မျက်တောင်ရှည်တွေမှာနေရောင်ခြည်ဖြာကျသကဲ့သို့စင်းကျနေပြီးနှာတံဆင်းဆင်းလေးနှင့်ဂန္တဝင်တွင်စေနိုင်သောချယ်ရီရောင်နှုတ်ခမ်း​ပါးလေးမှာမြင်သူတိုင်းကိုရူးသွပ်သွားစေနိုင်သည်။

သူ့ရဲ့နဖူးအလည်တည့်တည့်တွင်အပြာရောင်ကျောက်မျက်လေးတစ်ခုရှိနေပြီး၎င်းကပင်လယ်ဘုရင်၏သင်္ကေတလည်းဖြစ်သည်။

ပင်လယ်ပြာရောင်ဆံပင်၏ဦးခေါင်းထိပ်ပိုင်းတွင်ပုလဲဖြူလေးတွေဖြင့်တန်းစီကာအလှဆင်ထား၍သူ့ရဲ့သေးသွယ်သောလက်ကောက်ဝတ်လေးနှစ်ဖက်နှင့်အမြှီးရဲ့ကြီးမားဖြာကျတဲ့ရေယက်ပိုင်းအပေါ်နားတွင်ခြူလုံးလေးတွေကဲ့သို့သောပုလဲဖြူလေးတွေဖြင့်ရစ်ပတ်ခြင်းခံထားရသည်။

သရေယိုစရာခန္ဓာကိုယ်အပေါ်ပိုင်းတွင်လက်တစ်ကိုင်စာပင်မရှိသည့်ခါးသေးသေးလေးနှင့်ပုခုံးသားလုံးလုံးလေးတွေကိုပါထည့်ပေါင်းလိုက်သည့်အခါတွင်မြင်သူတိုင်းကိုရမ္မက်သွေးကြွလွန်းစေနိုင်သည်။အကယ်၍ဒီမျက်နှာလေးဖြင့်သာရွှမ်ကုန်းမြေတိုက်ကြီးထဲရောက်သွားရင်ကျင့်ကြံသူတွေအချင်းချင်းလုနေတာနဲ့တင်သွေးကြောင်းစီးသတ်ဖြတ်မှုကြီးဖြစ်သွားနိုင်သည်။

system 091 Where stories live. Discover now