(2.15)

8K 787 30
                                    

Unicode

ဇာတ်လိုက်ဟွမ်ချင်ရဲ့၏ခန္ဓာကိုယ်တစ်ခုလုံးမှာရှောင်ကျန့်ကောင်းမှုနှင့်နံစော်နေခဲ့သည်။ရှောင်ကျန့်ကတော့ဘာကိုမှမသိပါပဲအပူအပင်ကင်းစွာအိပ်ပျော်နေ၏။ဟွမ်ချင်ရဲ့သည်သူ့ရဲ့သက်တော်စောင့်တွေအားအဝတ်နှစ်ထည်ယူလာစေ၍ရှောင်ကျန့်ကိုသေသေချာချာသန့်စင်ပေးလိုက်သည်။သူကိုယ်တိုင်လည်းကိုယ်လက်သန့်စင်၍အဝတ်လဲလိုက်ရသည်။

သူကရှောင်ကျန့်ကိုသူ့အိမ်ခေါ်သွားဖို့ရန်လုပ်ချင်ပေမယ့်ငမူးလေးရှောင်ကျန့်မှာအိမ်ပြန်မယ်ဆိုတာကြီးသာပြောဆိုရင်းရုန်းကန်နေခဲ့သည်။

မတတ်သာတဲ့အဆုံးဟွမ်ချင်ရဲ့မှာသက်ပြင်းအသာချရင်းရှောင်ကျန့်၏ခန္ဓာကိုယ်လေးကိုအသာအယာပွေ့ချီလိုက်သည်။ပိုင်လုနှင့်ဝူရန်ကျင်းအနားဖြတ်လျှောက်သွားချိန်တွင်သူတစ်ချက်စောင်းငဲ့ကြည့်လိုက်သည်။

"မင်းတို့နှစ်ယောက်အိမ်ပြန်တတ်တယ်မဟုတ်လား"

ပိုင်လုတို့နှစ်ယောက်လုံးလျှင်မြန်စွာခေါင်းပြုတ်ထွတ်မတတ်ခေါင်းငြှိမ့်ပြကြသည်။

"အဲ့ဒါဆို့ကိုယ့်ဘာသာကိုယ်ပြန်"

ဟွမ်ချင်ရဲ့ဟာအမူအရာမဲ့နေသည့်အေးစက်စက်မျက်နှာသေကြီးဖြင့်ပင်ကြည့်လိုက်ရင်းရှောင်ကျန့်အားညင်သာစွာပင်ပွေ့ဖက်လျက်ပိုင်လုတို့နှစ်ယောက်အရှေ့မှထွက်ခွာသွားသည်။

ပိုင်လုကသူ့ရဲ့ကြောက်လန့်နေတဲ့ရင်ဘတ်လေးကိုပုတ်လိုက်ရင်းအခုချိန်ထိအလန့်မပြေသေးပေ။

"ရန်ကျင်း..."

"ဟမ်"

ဝူရန်ကျင်းကပိုင်လုအားမျက်ဆန်လှန်ကြည့်ကာပြန်ထူးသည်။

"ငါတို့မိသားစုရဲ့ကျန့်ရင်လေးကသာမန်မဟုတ်မှန်းမင်းစဥ်းစားမိလား"

"....."

တစ်ဖက်တွင်ဟွမ်ချင်ရဲ့မှာရှောင်ကျန့်ကိုပွေ့ချီရင်းနှင့်ပင်ဖြေးညင်းစွာဇိမ်ခံကားအနက်ရောင်ကြီးထဲသို့ဝင်ရောက်လိုက်သည်။

"သခင်လေး....ဘယ်ကိုမောင်းရမလဲ"

ဟွမ်ချင်ရဲ့ဟာအိပ်ပျော်နေလျက်ပင်ပါးစပ်က,တမြုံ့မြုံးဝါးနေသည့်ရှောင်ကျန့်အားတုန်နေအောင်ချစ်သည့်မျက်ဝန်းများဖြင့်ကြည့်ကာအေးဆေးစွာပင်ပြန်ဖြေလိုက်သည်။

system 091 Where stories live. Discover now