(4.18)

5.8K 713 30
                                    

Unicode

"ဆေးရုံ!!!"

"ဆေးရုံကဘာဖြစ်လို့လဲ"

"ကျွန်တော့်ကိုဆေးရုံအမြန်ခေါ်သွားပေး.....အမြန်....အရေးကြီးတယ်...."

ရှောင်ကျန့်ကလောကြီးနေသည့်ဟန်ဖြင့်ပိုင်မင်တို့အုပ်စုအားဆိုလာသည်။

"အ....အာ....ဟုတ်ပြီလေ"

ဇိုင်းကရှောင်ကျန့်အသည်းအသန်ဖြစ်နေသည့်မျက်နှာသေးသေးလေးအားကြည့်ကာစိုးရိမ်စွာဖြင့်မျက်မှောင်တစ်ချက်ကြုတ်လိုက်သည်။

"ကိုယ်ခေါ်သွားပေးမယ်"

ဇိုင်းကရှောင်ကျန့်ရဲ့လက်လေးကိုဆွဲ၍ကော်ဖီဆိုင်အပြင်ဘက်ခေါ်လာသည်။မထွက်သွားခင်ပိုင်မင်တို့အုပ်စုဘက်တစ်ချက်လောက်စောင်းငဲ့ကြည့်ရင်းလိုက်လာခဲ့ဖို့အချက်ပြလိုက်သည်။

ပိုင်မင်တို့အုပ်စုမှာတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်းရှောင်ကျန့်နဲ့ဇိုင်းနောက်ကနေလိုက်လာခဲ့ကြရုံသာတတ်နိုင်ကြသည်။

ကော်ဖီဆိုင်အရှေ့တွင်အနက်ရောင်ဇိမ်ခံကားကြီးတစ်စီးရှိနေသည်။ပတ်ဝန်းကျင်ရှိလူတွေမှာ၎င်းကားကြီးကိုတအံ့တဩကြည့်၍ဓာတ်ပုံရိုက်သည့်သူကရိုက်၊လိုချင်တပ်မက်သည့်သည့်မျက်လုံးတွေနဲ့စိုက်ကြည့်သူကကြည့်ဖြင့်ပွက်လောရိုက်နေကြသည်။

"လှလိုက်တဲ့ဇိမ်ခံကားကြီး"

"ဝိုး....မိုက်လိုက်တာ"

"ပိုင်ရှင်ကသောက်ရမ်းချမ်းသာပုံပဲ"

"ဒီကားကိုငါသိတယ်.....ဒါအကန့်အသတ်နဲ့ထုတ်ထားတဲ့တံဆိပ်လေ......တစ်ကမ္ဘာလုံးမှာတောင်မှသုံးစီးပဲရှိတယ်....."

"ဘုရားရေ.....ကားပိုင်ရှင်ကဘယ်လောက်တောင်ချမ်းသာလိုက်တာပါလိမ့်....."

ပိုင်မင်တို့အဖွဲ့မှာဘေးပတ်လည်ကစကားတွေကြောင့်အနက်ရောင်ဇိမ်ခံကားကြီးကိုကြည့်ကာပါးစပ်အဟောင်းသားဖြစ်နေကြသည်။

ဘယ်လိုသူဌေးမျိုးကဒီနေရာကိုရောက်နေတာများလဲ....

လူတိုင်း၏စိတ်ဝင်တစားအကြည့်တွေအောက်မှာတင်ကားတံခါးမှာပွင့်ဟသွားပြီးအနောက်တိုင်းဝတ်စုံနှင့်ချောမောသည့်အမျိုးသားတစ်ယောက်ဆင်းလာသည်။

system 091 Όπου ζουν οι ιστορίες. Ανακάλυψε τώρα