(5.16)

6K 672 51
                                    

Unicode

လုံဖုချန်ဟာရှောင်ကျန့်ကိုစိုက်ကြည့်ရင်းသူသိလိုသည့်မေးခွန်းကိုမေးရန်အတွက်ပါးစပ်ဟလို်က်သည်။သို့သော်လည်းအမွှာနှစ်ယောက်၏အကြည့်စူးစူးကိုရရှိလိုက်တာကြောင့်နဂါးဘုရင်လုံဖုချန်ခမျာနင်သွားရရှာသည်။

လုံဖုချန် : "....."

ငါဘာအမှားလုပ်မိလို့လဲ.....

လုံဖုချန်မှာအတော်လေးကြောင်အ,ထိတ်လန်သွားသော်လည်းအရိပ်အကဲဆိုတစ်စက်လေးမှနားမလည်သည့်အမောင်လဲ့ချင်းယန်ဟာသူ့အဖေဆီပြေးတိုးကပ်လာသည်။

"အဖေ...အဖေ....အဖေ့မှာအမြှီးရှိတယ်နော်....."

"အာ....အင်း..."

ရှောင်ကျန့်ဟာဇာတ်လိုက်ကိုလှည့်ထားသည့်ကိစ္စကြောင့်အနည်းငယ်ကို့ယို့ကားယားဖြစ်သွားရသည်။သူကဇာတ်လိုက်ကိုသူ့အဖေဆိုပြီးလှည့်ထားတာမဟုတ်ပါလား။အခုသူ့အဖေဟုထင်ထားသည့်သူကသူ့လိုသာမန်လူတစ်ယောက်မဟုတ်မှန်းသိသွားသည့်အခါတွင်ဘယ်လိုခံစားရမလဲဆိုတာပြောစရာတောင်မလိုတော့ပေ။

ရှောင်ကျန့်ဟာအပြစ်ရှိစိတ်သေးသေးလေးနဲ့ဇာတ်လိုက်ကိုကြည့်လိုက်မိသည့်အခါတွင်လဲ့ချင်းယန်မှာတစ်လက်လက်တောက်ပနေတဲ့မျက်လုံးကြီးတွေနဲ့ကြည့်နေကြောင်းတွေ့လိုက်ရသည်။ပြီးတော့လေးစားအားကျသည့်အသံဖြင့်ဆိုလာသည်။

"အဖေကအရမ်းမိုက်တာပဲ....သားမှာလဲအဲ့လိုအမြှီးရှိလာမယ်မဟုတ်လားဟင်"

ရှောင်ကျန့် : "....."

ဇာတ်လိုက်ရဲ့ဦးနှောက်အပေါက်ကသာမန်မဟုတ်ဘူးပဲ.....

ရှောင်ကျန့်မှာဆွံ့အလွန်းလို့ဘာဆက်ပြောရမှန်းတောင်မသိတော့ချေ။

မင်းကလူစစ်စစ်၊ငါကရေသူမျိုးနွယ်....ဟုတ်ပြီလား....မျိုးနွယ်မတူတဲ့လူတွေကကလေးမရနိုင်တာကိုရောသိသေးရဲ့လား....ဟမ်....တကယ်လို့ငါ့ကလေးအစစ်သာဖြစ်ခဲ့ရင်မွေးကတည်းကအမြှီးပါလာမှာပေါ့....

"နေ....နေစမ်းပါဦး"

လုံဖုချန်ဟာငြိမ်သက်နေရာကနေတုန်လှုပ်ခြောက်ခြားသွားသည့်မျက်နှာဖြင့်ရှောင်ကျန့်တို့ကိုကြည့်လာသည်။

system 091 Where stories live. Discover now