(1.13)

8.1K 820 26
                                    

Unicode

ဆေးတောင်ကြားဟာကျင့်ကြံရေးလောက၌နာမည်ကြီးတောင်ကြားတစ်ခုဖြစ်သည့်အပြင်တောင်ကြားတပည့်တွေဟာဆေးပညာကျွမ်းကျင်မှုကြောင့်နာမည်ကြီးသည်။ကောလဟာလတွေအရနတ်ဆေးသမားတော်မှာဆေးတောင်ကြား၏တပည့်ဟောင်းတစ်ယောက်ဖြစ်သည်ဟုဆို၏။

တောင်ကြားသခင်သည်သူ့အခန်းအတွင်း၌အေးဆေးစွာထိုင်၍အနားယူနေသည်။

လူအများမထင်မှတ်ထားစွာပင်တောင်ကြားသခင်မှာအလွန်လှပသည့်ယောက်ျားပျိုတစ်ဦးဖြစ်နေခဲ့သည်။ဘေးနားတွင်ချောမောလှပသည့်လူငယ်တစ်ဦးသည်တောင်ကြားသခင်အားလက်ဖက်ရည်ငှဲ့ပေးနေ၏။

တောင်ကြားသခင်၏လှပသောမျက်နှာလေးအားကြည့်ရင်းလူငယ်၏မျက်လုံးထဲတွင်မနာလိုမှုတစ်ချက်ဖြတ်ပြေးသွားသော်လည်းမည်သူမှသတိမထားမိစွာပင်ရိုသေလေးစားသည့်ဟန်အမူအရာတစ်ခုကိုတပ်ဆင်ထားခဲ့သည်။

ဝုန်း!!

ရုတ်တရတ်ဆိုသလို ပိတ်ထားသည့်တံခါးမှာကန်ဖွင့်ခံလိုက်ရတာကြောင့်တောင်ကြားသခင်နှင့်လူငယ်လေးမှာထိတ်လန့်သွားခဲ့ရ၏။

"ဘယ်သူလဲ!"

လူငယ်က ခြိမ်းခြောက်သည့်လေသံဖြင့်အော်ငေါက်လိုက်သည်။ဒါပေမယ့်အရပ်မြင့်သည့်လူတစ်ယောက်ဟာတစ်စုံတစ်ယောက်ကိုပွေ့ချီရင်းအခန်းထဲဝင်ရောက်လာတာကိုမြင်တွေ့လိုက်ရတာကြောင့်လူငယ်လေးဟာဒေါသထွက်သွား၏။

"ဟေး!!...မင်းဦးနှောက်မရှိဘူးလား....တောင်ကြားသခင်ရဲ့အိမ်တော်အတွင်းကိုခွင့်ပြုချက်မပါပဲဝင်လာရဲတယ်ပေါ့"

အခန်းထဲဖောက်ဝင်လာသည့်လူစိမ်းအမျိုးသားကလူငယ်ရဲ့စကားကိုဂရုစိုက်ခြင်းမရှိပါပဲသူ့လက်ထဲကသူကိုသာကယ်တင်ရန်လောကြီးနေဟန်ဖြင့်တောင်ကြားသခင်ဆီလျှင်မြန်စွာလျှောက်လှမ်းလာခဲ့သည်။

"မြန်မြန်!!...သူ့ကိုကယ်ပေး"

တောင်ကြားသခင်ဟာကန့်လန့်ဖြတ်အမာရွတ်ရှိသည့်ထိုသူ၏ခက်ထန်သည့်မျက်နှာကိုမျက်မှောင်ကြုတ်ရင်းစိုက်ကြည့်လိုက်သည်။

ကျင့်ကြံရေးလောကတွင်ဆေးတောင်ကြားသခင်က သူစိတ်ပါသည့်အချိန်မှ တစ်စုံတစ်ယောက်ကိုကုသပေးတတ်မှန်းသိကြသည်။သူသာစိတ်မပါရင်ဘယ်သူသေသေဂရုမစိုက်ပဲငြင်းလွှတ်တတ်၏။ယခုထိုသူ၏ပြုမူပုံကသူ့အခန်းထဲကိုရုတ်တရတ်ကျူးကျော်လာရုံသာမကသူနားနေချိန်တွင်ပင်လူတစ်ယောက်အားကယ်တင်ရန်ခိုင်းစေနေသေးသည်။

system 091 Where stories live. Discover now