(7.12)

5.4K 602 42
                                    

Unicode

"ဒီနေ့ ကိုယ်တို့ လုပ်ကြံမှုတစ်ခုနဲ့ကြုံရ လိမ့်မယ်"

"ဘယ်သူတွေလဲ"

"ဒီအတိုင်း....ကိုယ့်လက်အောက်ခံတိုင်းပြည်တစ်ခုက ပုန်ကန်ချင်နေတဲ့ပိုးမွှားလေးတစ်အုပ်ပါ..."

"သူတို့က အမဲလိုက်ပွဲကိုအခွင့်ကောင်းယူပြီးလုပ်ကြံကြ မလို့လား"

"အင်း"

"ဒါက လုံးဝမဖြစ်နိုင်တဲ့ကိစ္စပဲလေ....ရာထူးကြီးအတွင်းလူတစ်ယောက်မပါနေသ၍ အမဲလိုက်ပွဲ မပြောနဲ့....ဝမ်တိုင်းပြည်ထဲတောင်ခြေချလို့ရမှမဟုတ်ဘူး"

"ကိုယ့်ဇနီးလေးက တော်လိုက်တာ"

ဝမ်ရိပေါ်က မထိန်းချုပ်နိုင်စွာ ရှောင်ကျန့်ရဲ့နှုတ်ခမ်းရဲရဲလေးကိုငုံ့နမ်းလိုက်သည်။ ပြီးနောက် နှစ်ဦးသား နဖူးချင်းထိကပ်ရင်း ရှင်းပြသည်။

"အမှန်တော့ အတွင်းလူက ယောင်အမတ်ကြီးနဲ့...."

"???"

"နောက်တစ်ယောက်က မင်းလေးသိပါတယ်"

"အင်း....ခန့်မှန်းကြည့်ရအောင်....ရွှယ်ရင်းရင်းလား"

"ဒီတစ်ခါလည်းမှန်သွားပြန်ပြီ"

ဝမ်ရိပေါ်က ရှောင်ကျန့်ရဲ့နှုတ်ခမ်းကိုနောက်တစ်ဖန် ငုံ့နမ်းလာရင်း ဒီတစ်ခေါက်တွင် ပွင့်ဟနေသည့် နှုတ်ခမ်းလွှာထဲသူ့လျှာကိုပါထိုးထည့် မွှေနှောက်လိုက်သည်။ အတန်ကြာ နမ်းပြီးနောက်တွင် ရှောင်ကျန့်က ရိပေါ်ကိုမနည်းတွန်းလွှတ်လိုက်ရ၏။

သူက ဒီအတိုင်း ဇာတ်လိုက်မ၏နာမည်ကိုထုတ်ပြောလိုက်တာဖြစ်သော်လည်း အမှန်တကယ်ကြီး ဇာတ်လိုက်မ ကဝင်ပါနေမည်ဟု မထင်မှတ်ထားပေ။

"အရင်ဆုံး ကျွန်တော့်ကိုအကြောင်းစုံ ရှင်းပြစမ်းပါဦး"

"ဟုတ်ပါပြီ....ယောင်အမတ်ကြီးက အရင်အမတ်ချုပ်ကြီးနဲ့ သူငယ်ချင်းကောင်းတွေလေ...."

"အမတ်ချုပ်ကြီးဆိုတာ ခင်ဗျားကို အောက်လမ်းပညာနဲ့ပြုစားလို့ ကွပ်မျက် ခံလိုက်ရတဲ့ တစ်ယောက်လား"

"အင်း....ဟုတ်တယ်....သူတို့နှစ်ယောက်လုံးက အကျင့်စရိုက်တော်တော်များများတူညီကြတယ်....အမတ်ချုပ်ကြီးသေသွားတော့ လစ်လပ်နေတဲ့ အမတ်ချုပ်ကြီးရာထူးကို သူမျက်စောင်းထိုးနေတာကြာပြီ....အခွင့်မသာလို့သာစောင့်နေတာ...."

system 091 Where stories live. Discover now