(7.20)

4.9K 564 46
                                    

Unicode

လူတိုင်းရဲ့ပါးစပ်မှာ ဟောင်းလောင်းပွင့်လျက်ရှိနေပြီး သူတို့မျက်လုံးတွေကို သူတို့ကိုယ်တိုင် ယခုထက်ထိမယုံကြည်နိုင်ကြသေးပေ။ အထူးသဖြင့် ဝမ်ဧကရာဇ်ရဲ့ ဧကရီအပေါ်သဲသဲလှုပ်ပုံအမျိုးမျိုးကိုမြင်တွေ့ထားဖူးသူတွေဖြစ်သည်။

အခုတော့ တစ်ဖက်မှာ သနားစဖွယ်ထိုင်နေရရှာသည့် ဧကရီကိုမှအားမနာ ကချေသည်ကောင်လေးနှင့် ကလူရသည်ကိုပျော်ရွှင်နေသည့်ဟန်ပင်။ အမှန်တကယ်တွင် ရှေးခေတ်ဘုရင်တွေအနေနဲ့ မိန်းမတွေမရေမတွက်နိုင်အောင်ယူပြီး အငယ်အနှောင်းတွေများစွာထားရှိတာက ပုံမှန်ဖြစ်သည်။ သို့သော်လည်း ယခုလက်ရှိ ဝမ်ဧကရာဇ်ကတော့ လူတိုင်းရဲ့အမြင်တွင် ခြားနားသည်။

ဒါက အတုမရှိတဲ့ ဧကရာဇ်မင်းကြီးဖြစ်ပြီး မိန်းမကိစ္စအားလုံးကင်းရှင်းသည်။ သူက ဧကရီတစ်ဦးတည်းကိုသာတုန်နေအောင် ချစ်ပြတတ်ပြီး မည်သည့်ယောက်ျားမိန်းမကိုမဆို မျက်လုံးနဲ့တောင်ဝေ့ကြည့်ဖို့ရန် ပျင်းရိနေတတ်ကြောင်းလူတိုင်းသိကြသည်။

ထူးချွန်ထက်မြက်သည့် ဧကရာဇ်နဲ့ဧကရီ၏ တွဲဖက်ညီမှုနဲ့ချစ်ခြင်းတရားမှာ ပြည်သူတွေကြားထဲတင်မက အခြားသောတိုင်းပြည်အရပ်ရပ်အထိကျော်ကြားသည်။ လူတိုင်းအတွက်တော့ ဝမ်ဧကရာဇ်နဲ့ဧကရီတို့နှစ်ယောက်ရဲ့အချစ်ဇာတ်လမ်းမှာ ဒဏ္ဍာရီတစ်ပုဒ်လိုပင်။

လူတိုင်းရဲ့ ဂရုဏာသက်လှသည့်အကြည့်အလုံးစုံဟာ ခုံပေါ်တွင် ထိုင်နေရင်း ပါးစပ်ထဲအစားအသောက်တွေမှန်သမျှပါးလုပ်ပါးလောင်း ထိုးထည့်နေသည့် 'အုန်းသီး' ရှိရာဆီကျရောက်သွားသည်။

လူတိုင်း : "....."

သူတို့သနားတာ စောသွားသလားလို့။

အဟမ်း။ တစ်ဖက်ကိုပြန်သွားရအောင်။ ရှောင်ကျန့်ရဲ့ မျက်လုံးလေးတွေမှာ ဝမ်ရိပေါ်ကိုကလူ၏မြူ၏ ကြည့်ကာ သူ့လက်ချောင်းလေးတွေက မေးရိုးတစ်လျောက်ကိုပွတ်သပ်ပေးလျက်ရှိသည်။ သံစဥ်နဲ့အတူ ခါးသေးသေးလေးမှာယိမ်းနွဲ့လှုပ်ရှားသွားရင်း ရှောင်ကျန့်ဟာ ဝမ်ဧကရာဇ်ရဲ့ပေါင်ပေါ်ဝင်ထိုင်လိုက်သည်။ ဝမ်ရိပေါ်က တားဆီးကန့်ကွက်ခြင်းမရှိသည့်အပြင် အလိုက်တသိပင် ခါးလေးကိုပွေ့ဖက်လိုက်သည်။

system 091 Where stories live. Discover now