(4.14)

6K 711 23
                                    

Unicode

Little warning⚠⚠⚠⚠
_______________________

နွေးထွေးသည့်နေရောင်ခြည်ကရှောင်ကျန့်ရဲ့နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေသည့်မျက်နှာသေးသေးလေးပေါ်သို့ပြတင်းပေါက်ကနေတစ်ဆင့်ဟိုတစ်စ၊ဒီတစ်စဖြာကျနေ၏။

နူးညံ့တဲ့အနက်ရောင်ဆံနွယ်စလေးတွေဟာကြီးမားသွယ်လျသည့်လက်ကြီးတစ်ဖက်၏သပ်တင်ခြင်းခံလိုက်ရသည်။ထို့နောက်အပြစ်အနာအဆာကင်းသည့်နဖူးပြင်ဖွေးဖွေးလေးထက်သို့တစ်စုံတစ်ယောက်၏မြတ်နိုးစွာနမ်းရှိုက်ခြင်းခံလိုက်ရသေးသည်။

ရှောင်ကျန့်ကတစ်အင်းအင်း၊တစ်အဲအဲအသံလေးပြုရင်းလှုပ်စိလှုပ်စိလေးဖြင့်ပြန်လည်အိပ်ပျော်သွားသည်။ဤသည်ကိုပင်ထိုသူကသဘောကျသည့်ဟန်ဖြင့်ပြုံးရယ်လာပြီးရှောင်ကျန့်ရဲ့ဟစိဟစိဖြင့်နှုတ်ခမ်းလေးကိုဖိကပ်နမ်းလာသည်။

"အွန့်"

မူလကတည်းကတင်းတင်းကြပ်ကြပ်စေ့ပိတ်ထားခြင်းမရှိသည့်နှုတ်ခါးပါးလေးမှာလျှာပြားကြီးတစ်ခုရဲ့ထိုးဖောက်ဝင်ရောက်ခြင်းကိုခံလိုက်ရ၏။ရှောင်ကျန့်ရဲ့ခံတွင်းတစ်ခုလုံးမှာတစ်ဖက်လူလျှာ၏နေရာအနှံ့စူးစမ်းခြင်းကိုခံလိုက်ရကာသူ့ရဲ့လျှာသေးသေးလေးမှာအတင်းအကြပ်ဆွဲစုပ်ယူခြင်းကိုအလူးအလဲခံစားလိုက်ရသည်။

အိပ်မောကျနေသည့်ရှောင်ကျန့်ဟာသားရဲကောင်ကြီးတစ်ကောင်၏အသည်းအသန်လိုက်ကိုက်ခြင်းခံနေရသလိုလူးလူးလွန့်လွန့်ဖြင့်ရုန်းကန်လာသည်။

တစ်ဖက်လူကရှောင်ကျန့်ရဲ့လက်လေးနှစ်ဖက်ကိုသူ့လက်ဖဝါးကြီးနှစ်ဖက်ဖြင့်တစ်ဖက်တစ်ချက်ဆီဆုပ်ကိုင်ထားရင်းအရူးအမူးနမ်းရှိုက်လာသည်။ခံတွင်းတစ်ခုလုံးမှာသရေတွေရောစပ်သည်အထိနေရာလပ်မချန်ပြင်းပြင်းထန်ထန်မွှေနှောက်ခြင်းခံလိုက်ရပြီးနောက်တွင်ရှောင်ကျန့်အနေနဲ့မနိုးသေးဘူးဆိုရင်လူမဟုတ်ဘူးလို့တောင်ဆိုရမည်ဖြစ်သည်။

တစ်အွန့်အွန့်ညည်းသံသေးသေးလေးတွေနဲ့အတူရှောင်ကျန့်ရဲ့နိုးကာစမှုန်ဝါးဝါးမျက်လုံးလေးတွေမှာချက်ချင်းကြည်လင်လာသည်။

system 091 Where stories live. Discover now